86

3.3K 374 4
                                    

အခန်း [ ၈၆ ]

နုတ်ထွက်ရမယ်..?

ဝန်ထမ်းအသစ်ပေမယ့် ဟန်မီဒီယာကုမ္ပဏီမှာ အလုပ်လုပ်လျှင် ရမယ့် လစာဟာ လုချီလက်ထောက်လုပ်တုန်းက ရသော လစာထက် ငါးဆ ပိုများနေ၏။

အဲ့ဒီတုန်းက ဘယ်လောက်ကြေးနည်းခဲ့သလဲ အသိအသာကြီး..။ 

ဒါကို နုတ်ထွက်ခိုင်းတဲ့အထိ လုချီယွမ် သတ္တိရှိသေးတယ်လား ?

ဒေါသကြောင့် လုချီယွမ်မျက်နှာ ခရမ်းရောင်သန်းနေသည်။
“ ညည်းရဲ့အရည်အချင်းနဲ့ ဟန်မီဒီယာကုမ္ပဏီမှာ အလုပ်ရမယ်လို့ တကယ် ထင်နေတာလား .. အတွေ့အကြုံမရှိ .. ဘွဲ့ရတစ်ယောက်လည်း မဟုတ်တဲ့ ညည်းက ကိုယ့်အစွမ်းအစနဲ့ကိုယ် ဟန်မီဒီယာကုမ္ပဏီမှာ အလုပ်ရတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး .. အဲဒါ ဟန်ကျိုးလီကူညီတာပဲဖြစ်ရမယ် ”

လုမန်မျက်နှာလေးတည်တင်းသွားသည်။
“ အဖေ ကျွန်မကို သမီးလို့ မသတ်မှတ်တာရယ် လုချီတစ်ယောက်ကိုပဲ ဂရုစိုက်တာရယ် .. အဲ့ဒါတွေကို ကျွန်မ လက်ခံထားပြီးသားပါ .. ဟွန်း .. ဘွဲ့မရဘူးဆိုပြီး ​အထင်သေးရဲတာ အံ့သြတယ် .. ဘာလို့ ဘွဲ့မရခဲ့တယ်ဆိုတဲ့အကြောင်းကို အဖေ မသိလို့လား .. ဘာပဲဖြစ်ဖြစ် ကျွန်မက ကိုယ့်အစွမ်းအစနဲ့ကိုယ် ဟန်မီဒီယာကုမ္ပဏီမှာ အလုပ်ရခဲ့တာပါ .. ပြောရရင် အဖေတို့ကိုတောင် ကျေးဇူးတင်ရဦးမယ် .. အဖေတို့သာ ကျွန်မကို ကြံရာမရဖြစ်အောင် အကျပ်မကိုင်ခဲ့ဘူးဆိုရင် ကျွန်မ လက်တုံ့ပြန်ဖြစ်မှာ မဟုတ်ပါဘူး .. ဒီကိစ္စလည်း အင်တာနက်ပေါ်မှာ ဗြောင်းဆန်သွားမှာ မဟုတ်ဘူး .. နောက်ပြီး ဟန်ကော်ပိုရေးရှင်းက သဘောကျတယ်ဆိုတာက မုန်တိုင်းထန်အောင်လုပ်နိုင်တဲ့ ကျွန်မရဲ့အရည်အချင်းကိုပါ ”

လုချီယွမ်က အံတကြိတ်ကြိတ်ဖြင့် သက်ပြင်းအရှည်ကြီးဆွဲသည်။
“ ညည်းနဲ့ ဟန်ကျိုးလီ ဘယ်လိုပတ်သက်တယ်ဆိုတာကို ငါ ဂရုမစိုက်ဘူး .. ဒါပေမယ့် ညည်းတို့ချင်းက သိနေကြတော့ ဟန်ကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ တီဗွီရှိုးတစ်ခုခုမှာ လုချီအတွက် တစ်နေရာရှာပေးဖို့ သူ့ကို တောင်းဆိုလိုက်ပါ .. ခေါင်းဆောင်မင်းသမီးဆိုရင် အကောင်းဆုံးပဲ .. ဒါပေမဲ့ အနည်းဆုံး ဇာတ်ပို့နေရာလောက်တော့ ရရမယ် .. နောက်ပြီး သူ့ရဲ့စခရင်န်တိုင်းမ်လည်း ခေါင်းဆောင်မင်းသမီးထက် မနည်းရဘူး ”

ထိုမှစခဲ့သော အချစ်များစွာသည် Där berättelser lever. Upptäck nu