121 ~ 125

2.8K 277 11
                                    

(Unicode)

အခန်း [ ၁၂၁ ]

ဝန်ထမ်းအများစုကတော့ အလုပ်ကို ရထားစီးပြီးတော့သာ လာကြသည်။

လုမန် ဝေ့ဝဲကြည့်လိုက်တော့ လူတွေသိပ်မကျန်တော့ပေ။

“ တီ!... ”
ရုတ်တရက် ကားဟွန်းသံကြီး မြည်လာသည်မို့ အသံလာရာကို ကြည့်မိတော့ ဟန်ကျိုးလီရဲ့ကားကိုတွေ့သည်။

ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်မိသည်။ ဒီဘက်ကို ဘယ်သူမှ ကြည့်မနေဘူးဆိုမှ လုမန် သွက်သွက်ပြေးသွားလိုက်၏။

ဟန်ကျိုးလီရဲ့ကားမှန်တွေအားလုံးဟာ မှောင်မှောင်မည်းမည်းတွေ ဖြစ်ပြီး အပြင်ကနေကြည့်လျှင် ကားထဲက လူ၏ အရိပ်လောက်ကိုသာ အကြမ်းဖျင်း ခန့်မှန်းမိနိုင်သည်။ အသွင်ပုံစံကိုမူ သဲကွဲစွာ မမြင်နိုင်ပေ။

တံခါးဖွင့်ပြီး ကားထဲရောက်ပြီဆိုမှ သက်ပြင်းသဲ့သဲ့ချလိုက်မိ၏။

သို့သော်လည်း ဟန်ကျိုးလီက ကားစက်မနှိုးဘဲ ဘယ်လက်ကို ရွှံ့ကာပေါ်မှာတင်ပြီး လုမန်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

“ ကားက မထွက်သေးဘူးလားဟင် ”
စူးစူးစိုက်စိုက်ကြည့်နေသဖြင့် လုမန် စိတ်ဖိစီးလာသည်။ နေမထိထိုင်မသာတွေဖြစ်ပြီး သူ့ကိုလည်း စေ့စေ့ မကြည့်ရဲသဖြင့် မျက်နှာကို ဟိုလွှဲဒီလွှဲလုပ်ရင်း ကွေ့ပတ်ရှောင်နေရ၏။

“ ဝူလီကျဲနဲ့ စကားပြောလို့မှ ကောင်းခဲ့ရဲ့လား ”

မေးပုံက ထူးထူးဆန်းဆန်း .. မနာလိုသဝန်တိုနေသည့်အတိုင်း..

တွေးလိုက်ပြီးမှ အန္တရာယ်များလို့ ခေါင်းကိုဆတ်ခနဲ ခါပစ်လိုက်ကာ စိတ်ထဲကနေ ကျိန်ဆဲမိသည်။ 

“ လိုက်မပို့အောင်လို့ သူ့ကို အကျိုးအကြောင်း ပြောရသေးတယ် ”

“ သူက မင်းကို လိုက်ပိုးနေတာလား ”

“ မဟုတ်ပါဘူး၊ အရင်တုန်းက ကျွန်မတို့ကြားမှာ နားလည်မှုလွဲနေတာလေးတွေရှိခဲ့လို့ သူက အားနာပြီး တစ်ခုခု ပြန်လုပ်ပေးချင်နေတာ.. ”

ရှင်းပြနေပြီးမှ လုမန် ခဏတုံ့သွားပြီး မျက်ခုံးတွေပင့်လိုက်မိသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Opowieści tętniące życiem. Odkryj je teraz