9

7.3K 877 3
                                    

Unicode

အခန်း ၉ ) ခု ငုံ့ကြည့်လိုက်မှ ဟန်ကျိုးလီရဲ့လက်တွေက . . ဘာအထာလဲ!

ဟန်ကျိုးလီ ရောက်နေတယ် ကြားလို့လည်း ဒါရိုက်တာက နေ့လယ်ပိုင်းမှာ အထူးတလည် လာတွေ့သွားသေးသည်။

သူ့မေးခွန်းကြောင့် လုမန် လန့်သွားရပြန်သည်။ ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ထမေးတာလဲ။

“ လုချီက ဒါရိုက်တာကြီးရဲ့ရုပ်ရှင်အသစ်မှာ ခေါင်းဆောင်မင်းသမီးဖြစ်ချင်တာလေ၊ အဲဒါကြောင့် ဒါရိုက်တာကြီးကို သူ့အခန်းမှာ တွေ့ဖို့ သူက သဘောတူလိုက်တာ၊ သူ့ဆီက ဘာလိုချင်တယ်ဆိုတာကိုလည်း လုချီက သိလိုက်သားနဲ့လေ၊ ဒါပေမယ့် ဟိုရောက်မှ ကျွန်မကို သူ့နေရာ အစားဝင်ခိုင်းရော . . ကျွန်မကမှ မလုပ်ချင်ဘဲ ငြင်းတာပေါ့၊ အဲ့မှာ စကားတွေများနေကြတုန်း လုချီက မီးအိမ်ကြီးကောက်ပြီး ကျွန်မကို သတိလစ်အောင် ထုထည့်လိုက်တာ ဒါရိုက်တာကြီးကိုပါ ခိုက်မိသွားခဲ့တယ် ဆိုပါတော့ ”
ဖြစ်ခဲ့တာတွေကို လုမန် အကျဥ်းချုပ် ပြောပြလိုက်သည်။

“ သြော် အဲဒီလိုကိုး ”
ဟန်ကျိုးလီက ခေါင်းညိတ်သည်။

သူမဖြေရှင်းချက်ကို နားထောင်ပြီးသည်တွင်တောင် သူ့မျက်လုံးထဲတွင် သံသယရိပ်တစ်ခုမှ မထင်သွားသည့်အတွက် လုမန် အံ့အားသင့်သွားသည်။

သူမကို သူ တကယ် ယုံသည်။

“ ကျွန်မပြောတာကို ရှင်ယုံတယ်လား ”
လုမန် တအံ့တသြ မေးကြည့်လိုက်သည်။ 

“ အင်းလေ ဘာလို့မယုံရမှာလဲ ”
သူမကို ယုံဖို့ သင့်တာမို့ သူမမေးခွန်းက အဓိပ္ပာယ်မရှိ ဟု ဟန်ကျိုးလီ ထင်သည်။

“ ဘာလို့လဲ ”
ထိုအခိုက်မှာ သူဖက်ထားသေးတုန်း ဆိုတာကို လုမန် မေ့သွားပြီး သူယုံကြည်သည့်အတွက် ရင်ထဲထိသွားသည်။

နှစ်ယောက်လုံးက ဒီနေ့မှ တွေ့ဖူးသည့် သူစိမ်းတွေ ဖြစ်ကာ အခြေအနေကို ဂဃနဏ မသိသော်လည်း သူက သူမကို ယုံကြည်ပေးသည်။

ဟိုအရင် ဒီလိုတွေ ဖြစ်ပျက်ခဲ့ချိန်မှာ အဖေအရင်းကတောင် သူမကို ယုံကြည်ခဲ့ခြင်းမရှိပေ။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now