84

3.2K 361 2
                                    

အခန်း [ ၈၄ ]

" အေး ပေးမဝင်ဘူး! "
ရှချင်းယန်က သရော်သလို ပြုံးသည်။
" ညည်းမှာ ပိုက်ဆံမရှိတော့ဘူးမို့လား.. ပိုက်ဆံတောင်းချင်လို့ မျက်နှာချိုသွေးမယ်လို့ တွေးနေတာလား .. မရဘူးနော်! အရည်အချင်းရှိရင် ဆက်လုပ်လေ .. ချီချီကို ဒုက္ခပေးတုန်းက ညည်းသိပ်တော်တယ် သိလား ..အဟွန်း.. ဘာမှလုပ်စရာမရှိတော့ တို့ဘဝတွေကို ခက်ခဲအောင်လုပ်ခဲ့တယ် .. ပိုက်ဆံမရှိမှ တို့တွေကို သတိရနေပြီလား.. ခုပဲ ပြောထားလိုက်မယ် .. တစ်ပြားသားမှ မပေးနိုင်ဘူး .. ချီယွမ်ကိုလည်း မပေးခိုင်းဘူး! ညည်းအမေနဲ့အတူ သေလိုက်ကြ! "

" ဘာပြောလိုက်တယ်!.. "

ရှချင်းယန် အနောက်ကို ဆုတ်ပစ်မိပြီးမှ သူမကို အန္တရာယ်ပေးလို့မရသော တံခါးအပြင်မှာ လုမန် ရပ်နေတယ်ဆိုတာကို အမှတ်ရလိုက်သည်။

ထူးဆန်းတယ် .. လုမန် စိုက်ကြည့်လိုက်ရုံပဲကို ဘာလို့ ဒီလောက် လန့်သွားရတာပါလိမ့်။

" အဟွန်း .. ထပ်ပြောလိုက်ဦးမယ် .. အခု လုမိသားစုရဲ့စည်းစိမ်ချမ်းသာအားလုံးက ငါတို့ဥစ္စာတွေပဲ ချီချီ့အပိုင် .. ဟိုအရင်က ညည်းကို လစာပေးခဲ့တာတွေကို ငါ အလှူပေးတယ်လို့ပဲ မှတ်လိုက်မယ် .. ညည်းသုံးနေတဲ့ပိုက်ဆံတွေက ချီချီ့ပိုက်ဆံတွေပဲ .. ခုကစပြီး တို့မိသားစုပိုင်ပိုက်ဆံကို သုံးရဖို့ စိတ်တောင် မကူးနဲ့ "
ပြောသာပြောနေရသည်။ သူမ​လန့်သည့် လုမန်ရဲ့အေးစက်စက်မျက်နှာလေးကို ဗီဒီယိုကင်မရာစကရင်ပေါ်မှာ အတိုင်းသား မြင်နေရ၏။

လုမန်က ပြုံးလိုက်ပြန်သည်။
" ပေးမဝင်ဘူးလို့ ပြောတာ ရှင်နော် "

စိတ်ထဲထင့်သွားလို့ တစ်ချက်တုံ့ဆိုင်းသွားပြီးမှ ရှချင်းယန် ခေါင်းထောင်လေသည်။
" ဟုတ်တယ် ငါပဲ .. ဘာဖြစ်လဲ .. ညည်းက ငါ့ကို ခြိမ်းခြောက်မလို့လား "

အရေမရအဖတ်မရစကားတွေ မပြောချင်တာမို့ လုမန် လှည့်ပြန်ခဲ့လိုက်သည်။

အတော်ကြီးကြာမှ လုချီယွမ်နှင့် လုချီတို့ ပြန်ရောက်လာကြ၏။

အထဲဝင်တာနှင့် လုချီယွမ်က လုမန်ကို ရှာသည်။ ဘယ်နေရာမှာမှ ရှာမတွေ့တော့ စိတ်မရှည်သည့် မျက်နှာ ဖြစ်သွားပြန်ပြီး..
" ဟိုဟာမလေး ပြန်မလာသေးဘူးလား "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now