35

5.9K 690 1
                                    

Unicode

အခန်း ၃၅ ) သူ့ကိုဖမ်း!

လုချီယွမ်နှင့် သူ့လူတွေကို မြင်လိုက်ရလေလျှင် လုမန်မျက်နှာအမူအရာပြောင်းလဲသွားပေသည်။ သူမ လူနာခန်းဆီသို့ အမြန်ပြေးသွားရင်း ဖုန်းခေါ်လိုက်သည်။
“ ထန်းကျိ .. သတင်းထောက်တွေခေါ်ပြီးတော့ မေမေ့ဆေးရုံကိုလာခဲ့ပါ။ မြန်မြန်လေးနော်။ ငါ ၁၅ မိနစ်လောက်ပဲ အချိန်ဆွဲထားလို့ရမယ် ”

“ ဘာတွေဖြစ်လို့လဲ။ ၁၅ မိနစ်က လုံလောက်ပါတယ်။ ငါ့ကို စောင့်သာနေပါ... ”
ထန်းကျိက လုမန်​ရှင်းပြသည်အထိ မစောင့်ဘဲ သူ့ရပ်တည်မှုကို ဖော်ပြပြီး ဖြစ်သည်။ 

“ လုချီယွမ်က ဆေးရုံကို လူတွေခေါ်လာတယ်။ ဒါ မေမေ့ကို လာတွေ့တာ လုံးဝ မဟုတ်နိုင်ဘူး။ ငါထင်တာမမှားရင် သူတို့တွေ ငါ့ကိုချောင်ပိတ်ဖမ်းရအောင် ရောက်လာတာပဲ။ ပြီးရင် မေမေ့ကိုခုတုံးလုပ်ပြီး လုချီအစား အချောင်ဝင်ခံပေးဖို့ ငါ့ကို အကျပ်ကိုင်လိမ့်မယ် ထင်တယ် ”

“ ဖာ့ခ်..အဲဒါ နင့်အဖေအရင်းကောဟုတ်ရဲ့လား ” ထန်းကျိ ကျိန်ဆဲပစ်လိုက်သည်။ သူ့မိသားစုက သာမန်အိမ်ထောင်စုလေးတစ်စုဖြစ်ပြီး ငယ်ငယ်လေးတည်းက သူဟာ မလိမ်မိုးမလိမ္မာနှင့် စာကောင်းကောင်းမလေ့လာသည့်အတွက် သူ့ဖေဖေက မကြာခဏ ရိုက်လေ့ရှိသည်။

သို့ပေမယ့် ဒါတွေအားလုံးဟာ သူကောင်းဖို့အတွက် ဆိုတာကို သူ သိသည်။

ထို့ပြင် ယခု သူသည် သတင်းထောက်တစ်ယောက်ဖြစ်ပြီး ထိုအလုပ်သည် မည်မည်ရရ အလုပ် မဟုတ်သည့်အပြင် လူလည်း ပင်ပန်းရသည်။ သို့သော်လည်း သူ့အဖေအတွက်တော့ သူ တရားမဝင်အလုပ်တွေ မလုပ်သရွေ့ ကိုယ်တိုင်အားထုတ်ကြိုးစားနေသရွေ့ သတင်းထောက်အလုပ်ကလည်း အဆင်ပြေသည်ပင်။

သူ တစ်နေ့လုံး ပြေးလွှားလုပ်ကိုင်နေရတာကို သိ၍ သူ့ဖေဖေက သူ အိမ်ပြန်လာချိန်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတတ်သည်။ သူ့မေမေကလည်း သူ့အတွက် အာဟာရဖြစ်စေမည့် အရာတွေကို ချက်ပြုတ်ကျွေးဖို့ အမြဲ လုပ်တတ်သည်။

ထို့ကြောင့် လုချီယွမ် ကဲ့သို့ စက်ဆုပ်ရွံရှာစရာကောင်းသော လူတစ်ယောက် ဤကမ္ဘာမြေတွင် တည်ရှိနေလိမ့်မည် ဟု သူ လုံးဝ မတွေးမိခဲ့ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now