2

8.4K 882 15
                                    

Unicode

အခန်း ၂) ဒါ..ဒါကြီးက ဟန်ကျိုးလီ မဟုတ်ဘူးလားဟင်..!

လုမန် ပြတင်းပေါက်ကနေ ခုန်ချလိုက်စဥ်မှာ တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်လေသည်။

သို့ပေမယ့် လုမန်ဟာ ဒါတွေကို ဂရုမစိုက်တော့။

ကံအားလျော်စွာဖြင့် ခုန်ချပြီးသည့်နောက်တွင် မတ်တပ်ရပ်လို့ရလောက်မည့် သူမတစ်ယောက်စာ လသာဆောင်လေးတစ်ခန်း ပြတင်းပေါက်အပြင်တွင် ရှိနေပေသည်။

ဟိုတယ်ခန်းထဲမှ လူများ လသာဆောင်သို့ လာကြည့်ရန် လုပ်နေသည်ကို ပြတင်းပေါက်မှတစ်ဆင့် လုမန် မြင်လိုက်သည်။ ထို့ကြောင့် စိုးရိမ်တကြီးဖြင့် ဘေးဘီ ဝဲယာကိုကြည့်မိတော့ သူမ၏ ညာဘက်တွင်ရှိသည့် ဟိုတယ်အခန်း၏ ပြတင်းပေါက် ပွင့်နေကြောင်း တွေ့လိုက်ရ၍ အံ့သြဝမ်းသာဖြစ်သွားခဲ့ရသည်။

ကိုယ်တိုင်က အမြင့်ကြောက်တတ်သော်လည်း ညဘက်မှာရှိတဲ့ ပြတင်းပေါက်ကို တွယ်တက်ပြီး ယိုင်တိုင်တိုင်နှင့်လှမ်းကာ ကော်ဇောပေါ်ကို ခုန်ဆင်းလိုက်သည်။

ခန္ဓာကိုယ်က နှစ်ပတ်လောက်လှိမ့်သွားပြီး ရပ်သွားချိန်မှာ ညှပ်ဖိနပ်စီးထားသည့် ခြေထောက်တစ်စုံက မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။

ထိုခြေထောက်တစ်စုံသည် သူမထက် ကြီးသည်။ တစ်ချက်ကြည့်ရုံနှင့် ယောက်ျားသားတစ်ယောက်၏ ခြေထောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ခြေသည်းတွေကို သေသပ်စွာ တိထားပြီး အပေါ်သို့တိုးကြည့်လိုက်လျှင် ရှည်သွယ်သည့် ခြေသလုံးကို မြင်ရသည်။ သူ၏ ခြေတံသည်ပင်လျှင် သာမန်လူတစ်ယောက်၏ ခြေတံထက် ပိုရှည်ပုံရသည်။

ခေါင်းကို နည်းနည်းလောက် ထပ်မော့လိုက်မှ သူ့ကိုယ်မှာ တဘက်တစ်ထည်ပဲ လွှမ်းထားသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် အဖုအထစ်ကြွက်သားတွေကို သူမ မြင်တွေ့နိုင်သည်။ ဤယောက်ျားသည် တစ်ပါးသူ ပစ်ဝင်ချင်လောက်အောင် ခန္ဓာကိုယ်က တောင့်သည်။

သို့ပေမယ့် သူ့မျက်နှာကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မိုးကြိုးအပစ်ခံလိုက်ရသည့်ပမာ သူမ ကြက်သေသေသွားသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now