51

5.3K 574 22
                                    

(Unicode)


အခန်း ၅၁။ အစ်ကို့ရဲ့ချောမောမှုကို အသုံးချပြီး လိုက်ပေါ့

ဟန်ကျိုးလီ ချောင်းဟန့်ပြီး ကော်လာကိုပြင်ရင်း ခုံမှာ ပြန်ဝင်ထိုင်လိုက်သည်။
" ငါက အရမ်းကို ချောမောလွန်းတယ်ကွာ ငါ့လိုလူမျိုးကို လျစ်လျူရှုတာဖြစ်သင့်လား "

" အိုး! " မော့ကျင်းချန်ဟာ ရုတ်တရက်စိတ်ဝင်တစားဖြစ်လာတော့၏။ " မင်းတွေ့နေပြီပေါ့လေ? ဘယ်သူလဲ? ဘယ်လိုမျိုးလေးလဲ? မင်းမှာ သူ့ဓာတ်ပုံရှိလား? "

" မရှိဘူး " ဟန်ကျိုးလီက သူ့ကိုပင် စကားမပြောချင်လှ။ ချူထျန်းကို လှည့်မေး၏။ " နင်တို့မိန်းကလေးတွေက ဘယ်လိုယောက်ျားမျိုးကို ကြိုက်တာလဲ? "

" ကျွန်မက အမျိုးသမီးထုကြီးကို ကိုယ်စားမပြုဘူးလေ အစ်ကိုရဲ့ " ချူထျန်း မော့ကျင်းချန်ကို ခံစားချက်အပြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ " ဒါပေမယ့် ကိုကိုမော့လို ရင့်ကျက်တည်ကြည်ပြီး တာဝန်မမဲ့တဲ့ ယောက်ျားမျိုးကို ကျွန်မ သဘောကျတယ် "

သူဟာ ယုန်ဖြူလေးဖြစ်သော သူမကို သူ့သားရဲတွင်းထဲသို့ ခိုးယူသွားခဲ့သည့် ဝံပုလွေတစ်ကောင် ဖြစ်ခဲ့ပေမယ့် သူမ လိုလိုလားလားကြီး အခိုးခံခဲ့သည်။

" မိန်းကလေးတွေ ကြိုက်တဲ့ ယောက်ျားမျိုးက ရုပ်ရည်နဲ့ အကျင့်စရိုက်ပေါ်မူတည်ပြီး ပြောရရင် အများကြီးပဲ။ မုန်းတဲ့ ယောက်ျားတွေဆိုရင်လည်း အလားတူပဲ။ ပေါ့ပြက်ပြက်ယောက်ျားတွေကို ပြောချင်တာပေါ့။ စတွေ့တွေ့ချင်းမှာပဲ ထိကပါးရိကပါးလုပ်တတ်တဲ့ ယောက်ျားမျိုးကျတော့ လူရမ်းကားလိုပဲ။ အဲ့လိုယောက်ျားတွေက ရိုင်းပျတာမို့ ဘယ်မိန်းမက သူတို့ကို ကြိုက်တော့မှာလဲ? "

ဟန်ကျိုးလီနှလုံးက တဒုတ်ဒုတ်ခုန်လာသည်။ တွေးကြည့်လိုက်ရင် သူတော့ မှားပြီ ထင်တာပဲ။

ဒါပေမဲ့ အရှက်မရှိစွာနဲ့ သူ့ဆီပစ်ဝင်တဲ့သူက လုမန်လေ.. စတွေ့တွေ့ချင်းမှာပဲ သူမက သူ့ကို နမ်းတောင်သွားသေး။

သူ့မျက်နှာထားကိုမြင်တော့ ချူထျန်းသိလိုက်သည်။ တစ်ခုခုတော့ မှားယွင်းစွာ ဖြစ်ပျက်ခဲ့ရမည်ပင်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now