50

7.4K 790 64
                                    

(Unicode)

အခန်း ၅၀ ) သူ ဒီကိုလာတာခွေးစာစားဖို့လား?


လုမန်မျက်နှာ ကွက်ခနဲ မည်းသွား၏။ 
“ သခင်လေးဟန် ရှင်.. ကျွန်မ ရှင့်ကို မစဝံ့ပါဘူး၊ ဘယ်လိုကစားနည်းမျိုးကိုပဲ ကစားချင်တာဖြစ်ပါစေ ရှင်နဲ့ ကစားပေးနိုင်မယ့် တခြားမိန်းမကို သွားရှာလိုက်ပါ။ ကျွန်မတော့ မတတ်နိုင်ဘူး။ ချေးထားတဲ့ပိုက်ဆံကိုတော့ ချက်ချင်း ပြန်ဆပ်ပေးမှာပါ။ အတိုးလိုချင်ရင်လည်း အတိုးပေးပါ့မယ်။ ဒါပေမယ့် စောစောကလို အတိုးလိုချင်တာဆိုရင်တော့ စိတ်မရှိပါနဲ့ ကျွန်မမပေးနိုင်ပါဘူး။ ကျွန်မကို ငွေနဲ့ ဝယ်ဖို့ စဥ်းစားနေတာဆိုရင်တော့ ဒါ သက်သက်မဲ့ လူကို စော်ကားလိုက်တာပါပဲ။ ရှင့်ကိုတော့ ပေါ့တန်တဲ့ယောက်ျားတွေလိုမဟုတ်ဘူးလို့ပဲထင်ထားပါတယ်။ သခင်လေးဟန်က အမြဲတမ်း အထိန်းအသိမ်းတော်တယ်။ တည်ကြည်တယ်။ ဂုဏ်သိက္ခာရှိတယ်။ ဟုတ်တယ်မလား။ ကျွန်မ တလွဲကောက်ချက်ချမိအောင် မလုပ်ပါနဲ့ရှင် ”

ပြောပြီးတာနှင့် တံခါးကို ဗြုန်းစားကြီး ပိတ်ပစ်လိုက်၏။

ဟန်ကျိုးလီနှာခေါင်းနဲ့ တံခါး ရိုက်မိမလို့ သီသီလေးပဲ လိုသည်။

နှာခေါင်းကို ပွတ်သပ်ပစ်ရင်း လုမန်ပြောသွားတာတွေကြောင့် စဥ်းစားမိ၏။
နောက်ဆုံးစကားက သူ့ကို ချီးကျူးသွားတာလား ?

သူ့ကို တခြားယောက်ျားတွေနဲ့ မတူတဲ့ သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်လို ပြောဆိုသွားတာ..

ဟန်ကျိုးလီ ကျောကိုမတ်ပစ်လိုက်ကာ လုမန်ပြောသွားသည့် အရှေ့ပိုင်းတွေကို မေ့ပစ်လိုက်သည်။ သူ့ကို ဂုဏ်သရေရှိယောက်ျားလို့ လုမန်တွေးထင်တာကိုပဲ မှတ်ထားလိုက်ပါ၏။ 

“ သခင်လေးဟန် ”
ကိုယ်ရံတော်မှူး သူ့အနားကိုလျှောက်သွားတော့ ဟန်ကျိုးလီမျက်နှာက ဝင့်ကြွားလျက်ရှိသည်။

ဟန်ကျိုးလီ သူ့ကိုယ်သူ တည်ပစ်လိုက်ကာ..
“ ဒီနေရာကိုစောင့်ကြည့်ဖို့ လူနည်းနည်းချန်ခဲ့ပါ ”

အမိန့်ပေးပြီးတာနှင့် ဓာတ်လှေကားစီးကာ VIP လူနာဆောင်သို့ သွားလိုက်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now