31

5.8K 668 13
                                    

Unicode

အခန်း ၃၁ ) အဲဒါကိုမြင်ပြီးလို့မှ သူ့အမေကို ရောဂါဟောင်းပြန်မထစေချင်ဘူးဆိုရင် ငါတို့နဲ့အသာတကြည်လိုက်လာလိမ့်မယ်

ရှချင်းယန် တသိမ့်သိမ့်ရှိုက်ငိုပြီး လုချီယွမ်ကြည့်လို့ရအောင် သူမဖုန်းကို ထုတ်ယူလိုက်သည်။
" ဒီဥစ္စာကြောင့် ချီချီလေးဒုက္ခရောက်တော့မယ်။ ဒီသတင်းတွေမြင်ပြီးတာနဲ့ ကလေးက အခန်းထဲ​ဝင်ပြေးပြီး ထွက်ကိုမလာတော့တာ။ သူ့မှာ ငယ်ငယ်လေးပဲရှိပါသေးတယ်။ ဒီလိုအမုန်းတရားတွေအားလုံးကို ဘယ်လိုခံနိုင်ရည်ရှိပါ့မလဲရှင်။ နောက်များဆိုရင် ဘာတွေဖြစ်ကုန်မလဲ။ အနုပညာအသိုင်းအဝိုင်းက သိပ်ရက်စက်တာပဲ "

ရှချင်းယန်စိတ်ပူကာ ပြောပြသည့် လုချီဒုက္ခတွေကို နားထောင်ရင်း လုချီယွမ်မျက်နှာ ပိုလို့ပင် မည်းကြုတ်လာသည်။
" သတင်းထောက်က ဒါတွေကိုဘယ်လိုသိလဲ! "

" အဟုတ်ပဲ.. ကျွန်မလည်း နားမလည်နိုင်လို့ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့တွေဆိတ်ဆိတ်ပဲနေခဲ့ကြတယ်။ ချီချီပြန်လာတုန်းကတောင် ဘယ်သူမှမြင်ခဲ့ကြတာမဟုတ်ဘူး။ ရဲတွေဆိုရင်လည်း ဒါကို လူသိထင်ရှား ထုတ်ပြောမှာမဟုတ်ဘူး။ ကျိန့်ပိုင်ကလည်း ချီချီကောင်လေးမို့ ပိုလို့တောင် မပြောနိုင်သေးတယ်။ သူတို့က ဘယ်လိုလုပ်သိသွားကြတာလဲ "
တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပြောသွားလိုက်တာ တစ်ယောက်ပဲကျန်တော့သည်။

" ဒါဆိုရင် လုမန်ပဲဖြစ်ရမယ်! သူဒီနေ့ပြောသွားတယ်မလား။ အတင်းခိုင်းရင် အားလုံးကိုပြောပစ်မယ်ဆိုပြီးတော့လေ! "

" အဲဒါ..ဟုတ်ပါ့မလားရှင်... "
ရှချင်းယန် စိတ်ထဲမှာ ကျိတ်ဝမ်းသာလိုက်သည်။ ပြီးတော့ မယုံကြည်နိုင်မှုတွေကို မျက်နှာပေါ်လွှမ်းတင်ပစ်လိုက်ကာ လုမန်ဘက်က ပြောပေးဟန် ဆောင်လိုက်သည်။
" မန်မန်က ဒီလောက်ကြီးအထိတော့ မလုပ်လောက်ပါဘူး ချီချီက သူ့ညီမလေးပဲ..."

" ဘာလို့မဟုတ်ရမှာလဲ။ မင်း သူ့ကို မန်မန်လို့ ခေါ်နေသေးတယ်ပေါ့။ သူကဖြင့် ငါတို့တွေကို မိသားစုလို့တောင် သဘောမထားတာ။ ချီချီ့ကိုလည်း ကိုယ့်ညီမလေးလို သဘောထားတာ မဟုတ်ဘူး သူက... "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now