26

6.5K 862 9
                                    

Unicode

အခန်း ၂၆ ) လုချီမှာ အဖတ်ဆယ်စရာမရှိ

အင်း . . .

ဟဲကျိန့်ပိုင် ပြောလိုက်သည်။
“ ဟင့်အင်း သူပြောတာတွေကို ကိုယ်က ဘာလို့ယုံရမှာလဲ ”

“ ဒါပဲလေ ဘယ်လိုလုပ်ပြီး သူ့ကို ယုံလို့ရမလဲ . . သူ့ပရိယာယ်ထဲမှာ​မျောသွားလို့မဖြစ်ဘူးနော်။ သူနဲ့ဟန်ကျိုးလီ ဘယ်လိုပတ်သက်လဲ သိရသေးတာမဟုတ်ဘူး။ ဟန်ကျိုးလီက ဘယ်လိုများ သူ့ကို သဘောတွေ့သွားပါလိမ့်။ လုမန် အရှက်မရှိ ပစ်ဝင်တာပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျိုးလီက အသုံးချလို့ပြီးတာနဲ့ သူ့ကို စွန့်ပစ်လိုက်မှာပဲ။ နင်လည်းသိပါတယ်။ ငါပျော်တာကို သူက မမြင်ချင်ဘူးလေ။ သူ့အမေနေရာကို ငါ့အမေက ခိုးသွားတယ်ဆိုပြီး လုမန်က ငါ့ကို ဆက်တိုက်ကို မဲနေတာ  ”

“ အခုလည်း နင်က ငါနဲ့မြဲနေတာမို့ ငါတို့နှစ်ယောက်ကိုမြန်မြန်ပြတ်ပါစေဆိုပြီးဆုတောင်းနေလောက်တယ်။ သူပြောတာတွေကိုယုံရင် သူ့ထောင်ချောက်ထဲကိုကျသွားမှာပဲ။ ဒါဆိုရင် သူလိုသလိုပုံသွင်းသွားလိမ့်မယ် သိရဲ့လား ”
လုချီက ပြောလေ ဝမ်းနည်းလေဖြစ်၍ မျက်ရည်ပါကျလာသည်။
“ ငါ နင့်ကို အရမ်းကို သဘောကျတာပါ။ ငါ့ကို ယုံစမ်းပါ ငါ နင့်ကို တကယ်မလိမ်ဘူး မဟုတ်ရင် ငါက ဘာလို့ လုမန်ကိုပါ ခေါ်သွားခဲ့မှာလဲလို့။ သူ့ကို ငါ့အစားဝင်ခိုင်းဖို့ကလွဲရင် တခြားဘာများဖြစ်နိုင်သေးလို့လဲ. . ဟင် . . နင်စိတ်ပျက်မယ့်ကိစ္စမျိုး ငါလုပ်မှာမဟုတ်ဘူးနော် ”

နဂိုက တွန့်ကုတ်နေခဲ့သော ဟဲကျိန့်ပိုင်၏ မျက်ခုံးများ ပြေလျော့လာလျှင် လုချီက သူ ယုံကြည်လာရေးအတွက် စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။
“ သူပြောတာကျယုံပြီး ငါပြောတာကျမယုံဘူးပေါ့ ဟုတ်လား. . နင့်မျက်လုံးထဲမှာ ငါက အဲ့လိုမိန်းမပျက်မျိုးလား . . ဟမ် . . ”

“ မဟုတ်ရပါဘူးကွာ ငါမင်းကိုသံသယမဝင်ဘူး။ သူပြောတာတွေကို ငါက ဘာလို့ ယုံရမှာလဲ ”
ဟဲကျိန့်ပိုင်က လုချီကို ချက်ချင်းဆွဲဖက်ပြီး နှစ်သိမ့်သည်။

လုချီက သူ့ကို ဖွဖွလေးရိုက်ပြီးမှ
“ သူ့ကြောင့်နဲ့ ငါတို့ချင်း ရန်မဖြစ်ပါရစေနဲ့ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now