33

5.9K 697 1
                                    

Unicode

အခန်း ၃၃ ) ကလေးကို တာဝန်ပိုတွေပေးမိတာကျွန်မပါ

“ မစားရသေးဘူး ”
ရှချင်းဝေ ခေါင်းခါလိုက်သည်။

လုမန်က ရှချင်းဝေအတွက် ဟင်းချိုခပ်ထည့်ပေးလိုက်ကာ ငါးဟင်းချိုလေး သောက်စေပြီးမှ ဆန်ပြုတ် နှင့် တခြားအရန်ဟင်းပွဲတွေထုတ်ယူလိုက်သည်။

လုမန်ယူလာတဲ့မနက်စာရဲ့မွှေးရနံ့တွေကြောင့် ဘေးခုတင်ကလူနာပင် ဗိုက်ဆာသွားသည်။ 
“ အနံ့လေးကတော့ မွှေးနေတာပဲ! ဆေးရုံစာတွေထက်ပိုစားကောင်းလောက်မယ် ထင်တယ် ”

သူမတို့လက်ရှိအခြေအနေအရ တစ်ယောက်စာ အခန်းကို မတတ်နိုင်၍ ရှချင်းဝေက နှစ်ယောက်နေ အခန်းမှာ ဆေးရုံတက်ရတာ ဖြစ်သည်။

ပြီးတော့ ဆေးရုံခန်းတစ်ခုထဲမှာ တိုးတိုးဖော်လေးရှိနေတော့ ပိုအဆင်ပြေကာ ရှချင်းဝေ တစ်ခုခုဖြစ်လို့ လုမန်အနားမှာရှိမနေခဲ့ရင် အနည်းဆုံးတော့ ကျန်တဲ့တစ်ယောက်က သူမအဆင်ပြေမပြေ ကြည့်ပြီး အချင်းချင်း ဖေးမပေးလို့ရပေသည်။

လုမန် မေးလိုက်သည်။
“ အန်တီချိုင် မနက်စာစားပြီးပြီလားဟင် ”

“ ပြီးပြီကွဲ့ ”
အန်တီချိုင်က ကတိုက်ကရိုက် ပြန်ဖြေသည်။ အစားကောင်းတွေကို သူမ မက်ပေမယ့် တောင်းစားရမှာတော့ ရှက်ရွံ့အားနာသည်။

သို့သော် လုမန်က ငါးဟင်းချိုတစ်ပွဲခပ်ထည့်လိုက်ကာ
“ ဒါဖြင့်ရင် ဟင်းချိုလေး သောက်ပါဦးလား
အန်တီ ကျွန်မ ဒီမနက်ကမှ ချက်လာခဲ့တာပါ ”

“ ဟာ... ဘယ်ဟုတ်မလဲ ”
အန်တီချိုင်က လက်ကာပြသည်။ မျက်နှာတွေလည်း နီတွတ်နေပါသည်။

“ ရတယ် အန်တီ သောက်လိုက်ပါ။ ကျွန်မမှာ အများကြီးရှိပါသေးတယ်။ အန်တီကြိုက်ရင် ထပ်ထည့်ပေးပါဦးမယ် ”
လုမန်က ပြုံးပြရင်း အန်တီချိုင်လက်ထဲပန်းကန်ထည့်ပေးလိုက်သည်။

အစကတော့ ဒီတစ်ခွက်ကို သူမအတွက် ရည်ရွယ်ပြီး ထည့်လာခဲ့တာပါ။ ကိုယ်တိုင်က မနက်စာမစားရသေးတဲ့အပြင် ရှချင်းဝေနှင့်အတူ စားချင်ခဲ့သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now