34

5.8K 720 4
                                    

Unicode

အခန်း ၃၄ ) လုချီယွမ်က သူ့လူတွေခေါ်ကာ ဆေးရုံထဲပြေးဝင်လာသည်။

“ အေးပါ..အေးပါ..အေးပါ၊ အမေ အမြန်ဆုံး ကျန်းမာအောင် ကြိုးစားပါ့မယ်၊ ဆေးရုံဆင်းပြီး သမီးအတွက် ချက်ပြုတ်ပေးလို့ရအောင်.. ”

မိခင်မရှိသော ကလေးသည် မေတ္တာမရှိ။ 

သူမက ဆင်းရဲပေမယ့် လုမန်အတွက် အချစ်တွေအပြည့်တွေရှိသည်။

လုမန်ကိုချစ်ဖို့လည်း အစွမ်းကုန် လုပ်သွားမည်။

သို့သော် အားနည်းပြီး အထိမခံသော ခန္ဓာကိုယ်သည် လုမန်ကို မပံ့ပိုးနိုင်သဖြင့် လုမိသားစုမှာ ဒုက္ခတွေခံစားစေသည် အထိ ဖြစ်ခဲ့၏။

ငွေအကြောင်းတွေးလိုက်မိရင် ရှချင်းဝေစိတ်ထိခိုက်ရသည်။ စိတ်ဓာတ်ကျမိသည်။

မပြေလည်သော ငွေ​ရေးကြေးရေးကြောင့်ပဲ တတ်နိုင်သမျှ အမြန်ဆုံး ဆေးရုံဆင်းရပေမည်။

ဆေးရုံစရိတ်တွေက နည်းတာလည်းမဟုတ်..။ လုမန်မှာလည်း ဖိအားတွေ များနေပြီ ဖြစ်၏။

“ မန်မန် ” ရှချင်းဝေ ပြောလိုက်သည်။
“ အမေဆေးရုံဆင်းတဲ့အခါ အမေနဲ့အတူအိမ်မှာပြန်လိုက်နေပါလား သမီး..”

အံ့အားသင့်စွာဖြင့် လုမန် သူမကို ကြည့်မိကာ မျက်ရည်တွေလည်းဝေ့လို့ ရင်ထဲနင့်သွားသည်။ “ ဟုတ်ကဲ့ပါ ”
ခေါင်းကိုလည်း နာနာညိတ်မိကာ..

“ အမေမပြောရင်တောင် သမီးက အမေဆေးရုံဆင်းတာနဲ့ အတူပြန်လိုက်နေဖို့ စီစဥ်ပြီးသားပါ၊ အမေတစ်ယောက်တည်းဆိုရင် စိုးရိမ်နေရမှာ ”

ရှချင်းဝေက တပြုံးပြုံးနှင့် ခေါင်းညိတ်သည်။ သူမ ဒီကလေးအပေါ်မှာ အကြွေးတွေလည်းတင်နေပါပြီ။

ထို့ပြင် ထိုအချိန်က လုချီယွမ်နှင့် သူမကွာရှင်းပြီးသည့်နောက်တွင် သူမနှင့်အတူနေရင် ဒုက္ခတွေခံစားနေရမည် စိုး၍ လုမန်ကို အိမ်ကနေ ထွက်လာခွင့် မပြုခဲ့ပေ။ ဒါတွေအားလုံး လုမန်ကောင်းဖို့အတွက် ဟု ထင်မိခဲ့၏။

တကယ်တော့ ကွာရှင်းပြတ်စဲပြီးသည့်နောက်မှာ သူမမှာ ဘာပစ္စည်းမှ မရှိ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ဝင်ငွေရှာဖို့ အလုပ်လိုသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now