46

5.2K 630 5
                                    

(Unicode)

အခန်း ၄၆ ) ဟန်ကျိုးလီ မျက်ခုံးပင့်မိ,အကြွေးတောင်းရအောင် သူက လိုက်လာတာမို့လို့လား?

ထင်သည့်အတိုင်း ဆရာဝန်နှင့် သူနာပြုက ချက်ချင်း ငွေပေးချေမည်ကို နှစ်သက်သည်။ ဒါက ပိုစိတ်ချရသည်ကိုး။

ထို့ကြောင့် လုမန် မငြင်းဆိုနိုင်မီ ဟန်ကျိုးလီဆီမှ အကြွေးဝယ်ကတ်ကို သူနာပြုက အသော့ ယူသွားလေ၏။
“ ငွေပေးချေရအောင် ကျွန်မနဲ့လိုက်ခဲ့ပေးပါ ”

လုမန် ဟန်ကျိုးလီနောက်သို့ လိုက်ရုံသာတတ်နိုင်တော့သည်။

ထန်းကျိက မျက်မှောင်ကုတ်သည်။ သူ့မှာလည်း ဒီလောက်အများကြီး မပါလာ၍ ကူညီချင်လျှင်တောင် မကူညီနိုင်။

နောက်ဆုံးတွင် မိသားစုဝင်၏ လက်မှတ်နှင့် ဆေးရုံစရိတ်တွေကို ရှင်းပြီး ဆရာဝန်က ခွဲစိတ်ခန်းထဲသို့ ဝင်သွားတော့၏။ 

လုမန် ပြန်ရောက်လာသည့်အခါ ခွဲစိတ်ခန်းတံခါးအပေါ်တွင် ‘ ခွဲစိတ်မှုလုပ်ဆောင်နေဆဲ ’ ဟူသည့် မီးရောင်က လင်းလျက်ရှိသည်။

ရုတ်တရက် ထန်းကျိဖုန်းက အသံမြည်လာ၏။ သူရှိမှဖြစ်မည့် အရေးကြီးကိစ္စတစ်ခုခုရှိလာသည်ထင်။

လုမန်ကပဲ သူမမျက်နှာကို ပွတ်သပ်လိုက်ရင်း..
“ ထန်းကျိ အလုပ်ရှိရင် သွားတော့လေ ”

“ အေးပါ ငါ... ”

“ မဟုတ်ဘူး ဖြစ်တယ် နင် စိတ်ချပါ ငါမေမေထွက်လာတဲ့အထိစောင့်နေမှာမို့လို့။ စောစောက လူတွေအများကြီးပဲ လုချီကို ဓာတ်ပုံလိုက်ရိုက်ကြတာ။ နင်လည်း လုပ်စရာရှိတာသွားလုပ်လိုက်တော့။ သူများတွေကို အကျောမခံနဲ့ ”

ဒီတစ်ခါ ထန်းကျိက လုမန်အတွက် အားဖြစ်အောင် လုပ်ဖော်ကိုင်ဖက်တွေရော မိတ်ဆွေသူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့တာဖြစ်သည်။ လုချီနှင့် မိဘတွေပါ ရောက်နေသည်ဆို၍။

စောစောက သူနှင့်ပါလာသော သတင်းထောက်တွေမှာ လုချီကို ရဲစခန်းတွင် မမိလိုက်သဖြင့် မိသားစုကိုများ မိမလားဆိုပြီး ဒီကို ချက်ချင်း လိုက်လာကြတာဖြစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now