32

6K 719 7
                                    

အခန်း ၃၂ ) ဗိုလ်ကျမခံရတာသေချာလား

သို့သော်လည်း အိပ်ရာထလိုက်ရကာ အိမ်သန့်ရှင်းရေးတချို့လုပ်ပြီး အိမ်နားကစျေးကိုသွားလိုက်သည်။ ရှချင်းဝေအတွက် ငါးဟင်းချိုလေးချက်ပေးဖို့ငါးတစ်ကောင်ဝယ်လိုက်သည်။

ဆန်ပြုတ်တစ်အိုးစာနဲ့ အရန်ဟင်းပွဲနှစ်ပွဲကိုလည်း ပြင်လိုက်သည်။

အားလုံးကို အပူခံဘူးတွေထဲထည့်ပြီးလိုက်မှ ဆေးရုံသို့ ထွက်ခဲ့လိုက်၏။

***

“ အမေ ”
ဆေးရုံခန်းထဲဝင်လိုက်တာနှင့် နိုးနေပြီဖြစ်သော ရှချင်းဝေကို တွေ့လိုက်ရကာ..

“ မန်မန် ”
လုမန်ကိုမြင်လိုက်သည်နှင့်ပဲ ရှချင်းဝေမျက်နှာချက်ချင်းပြုံးရွှင်သွားသည်။

မနေ့က တိတ်တဆိတ် ကြည့်ခဲ့ပြီးပြီ ဖြစ်ပေမယ့် အခု ကျန်းကျန်းမာမာနဲ့ အသံလေးပါ ကြားလိုက်ရတော့ လုမန်မှာ မျက်ရည်တွေမထိန်းနိုင်။

အခု ရှချင်းဝေမျက်နှာက ဖြူဖျော့နေသေးကာ ခန္ဓာကိုယ်က ပိန်လွန်းလှသည်။

အနည်းဆုံးတော့ အသက်ရှင်နေပါသေးသည်။

သက်ရှိထင်ရှားရှိနေ၍ တော်ပါသေးသည်။ အသက်ရှင်နေတုန်းမို့ မျှော်လင့်ချက်ရှိပါသည်။ 

“ ဘာဖြစ်တာလဲ သမီး ဘာလို့ငိုနေတာလဲ ”
လုမန်မျက်ရည်ဝဲတာမြင်တော့ ရှချင်းဝေက စိတ်ပူကာ ခုတင်ပေါ်ကဆင်းဖို့ပြင်လိုက်သည်။
“ လုမိသားစုက သမီးကို ဆိုးဆိုးရွားရွားတွေ ဆက်ဆံလို့လား ”

“ မဟုတ်ပါဘူး ”
လုမန် ရှေ့သို့အမြန်လှမ်းသွားလိုက်ကာ ရှချင်းဝေပခုံးကို ထိန်းကိုင်လိုက်သည်။

ရှချင်းဝေက ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ဆေးရုံတစ်ရုံလုံး ပိုးသတ်ဆေးနံ့တွေ ပြည့်နေသည့်တိုင် ရှချင်းဝေရဲ့ခန္ဓာကိုယ်ကနေ သူမမေမေသာ ပိုင်ဆိုင်သည့် ကိုယ်သင်းနံ့ကို သူမ ရနေပါသေးသည်။

“ အမေ့ကို လွမ်းလို့ပါ ”
လုမန် ရှချင်းဝေကို ဖက်ကာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now