101

2.6K 273 0
                                    

Unicode:

အခန်း [ ၁၀၁ ]

“ သိပါတယ် ”
ယဲ့ရှောင်ရှင်း သုတ်သုတ်ထွက်သွားလေသည်။

ထိုစဥ်မှာ လုမန်က ဟန်ကျိုးလီရုံးခန်းတွင် ထိုင်နေခဲ့သည်။ တော်တော်ကြာပြီဆိုပေမယ့် ဘယ်သူမှတော့ သောက်စရာ လာမပို့သေးပေ။

သေးနုပ်သောကိစ္စဖြစ်ကာ သည်းမခံနိုင်တာမျိုးမဟုတ်ပေမယ့် လောလောဆယ် သူမ ရေတအားဆာနေ၏။

ထို့ပြင် အစည်းအဝေးက ဘယ်တော့မှ ပြီးမည် မသိ။ ဟန်ကျိုးလီနှင့် ပြောရေးရှိတာကို အက်ရှရှအသံကြီးနဲ့ဆိုလျှင် မဖြစ်ချေ။ 

ထို့ကြောင့် သူဌေးရုံးခန်း၏ အခြားတစ်ဖက်ရှိ အတွင်းရေးမှူးရုံးခန်းသို့ ထွက်လာခဲ့ရကာ..

ယဲ့ရွှမ်းရွှမ်းရဲ့ရုံးစားပွဲက တံခါးအနီးမှာ ရှိနေပြီး..

“ တစ်ဆိတ်လောက် .. သောက်ရေတစ်ခွက်လောက် ရမလားရှင် ”

စားပွဲရှေ့မှာ ရပ်ပြီး ယဥ်ကျေးစွာ မေးလိုက်တာကို ယဲ့ရွှမ်းရွှမ်းက တစ်ချက်ပဲ မော့ကြည့်ပြီး လက်သည်းတွေ တံစဥ်းတိုက်ရအောင် ပြန်ငုံ့သွားသည်။ ပြီးမှ

“ တို့မအားဘူး၊ ကိုယ့်ဘာသာ သွားခပ်ပါလား ”

လုမန် မျက်နှာ မှုန်ကုပ်ကုပ်လေးဖြစ်သွားသည်။ အလုပ်ထဲကိုရောက်တာ ပထမဆုံးနေ့ဆိုပေမယ့် ပြည်သူ့ဆက်ဆံရေးဌာနကလူတွေအားလုံး အဆိုးတွေမြင်နေခဲ့တာကို လုချီယွမ်ကြောင့်မှန်း သိနေ၍ နားလည်ပေးလို့ရသည်။ 

ဒါပေမဲ့ ရှေ့က တစ်ယောက်က ဘာဖြစ်တာလဲ၊

ဘယ်သူမှန်း မသိတဲ့ဟာ ဘာဖြစ်လို့ ရန်လုပ်တဲ့လေသံနဲ့ ဆိုနေတာလဲ..

ဝန်ထမ်းကတ်ကို မသိမသာ ကြည့်လိုက်တော့ ယဲ့ရွှမ်းရွှမ်း လို့ရေးထားတာကို တွေ့သည်။

ကိုယ့်ဘာသာအကြည့်လွှဲပြီး ပြန်လျှောက်လာခဲ့တော့ အနောက်ဘက်မှ လေသံသဲ့သဲ့လေးက နားထဲရောက်လာခဲ့၏။

“ အလုပ်အကျွေးပြုရအောင် သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး၊ ဦးဆုံး ခေါင်းဆောင်လည်းမဟုတ်၊ နောက် ဖောက်သည်အဝယ်တော်လည်းမဟုတ်တာကို ဘာအခွင့်အရေးတွေရှိနေလို့ .. ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now