102

2.5K 248 0
                                    

Unicode :

အခန်း [ ၁၀၂ ]

“ ဆရာ ”
သူ့ကိုမြင်တာနှင့် အတွင်းရေးမှူးဌာနကလူတွေက နှုတ်ဆက်ကြသည်။

ဟန်တုံးဖျင်သည် ဟန်ကော်ပိုရေးရှင်းတွင် ရာထူးအဆင့်မရှိသော်လည်း ရှယ်ယာတွေဝင်ထားသူဖြစ်၏။

ဟန်ကျိုးလီ၏ ဦးကြီး ဖြစ်နေသည့်အတွက် ကုမ္ပဏီကို သူလာလိုက်တိုင်းမှာ ဝန်ထမ်းတွေက တလေးတစား ဆက်ဆံကြသည်။

“ ဒါ တို့မြို့က ဝန်ကြီးသိုက်ရဲ့သမီးလေ၊ ကုမ္ပဏီမှာ အင်တန်းရှစ်ဖ်ဆင်းဖို့ ရောက်လာတာ၊ မင်းတို့သူဌေးရော ”

“ သူဌေးက အစည်းအဝေးလုပ်နေပါတယ်၊ ရုံးခန်းထဲမှာ မရှိပါဘူး ”
ယဲ့ရွှမ်းရွှမ်းက သွက်သွက်ဝင်ဖြေသည်။

“ အချိန်မှားလာမိပြီထင်တယ်၊ အစ်ကိုဟန်က အလုပ်လုပ်နေတယ်ဆိုတော့.. ”

“ ကိစ္စမရှိဘူး၊ သမီးက အပြင်လူမှ မဟုတ်တာ၊ သူ မရှိရင် ရုံးခန်းထဲမှာပဲ စောင့်ကြတာပေါ့ ”
ဟန်တုံးဖျင်က လက်တကာကာနှင့်ပြောပြီး သူ့ဘာသာ ဆုံးဖြတ်သွားသည်။

သို့သော် ဟန်ကျိုးလီမရှိလျှင် ရုံးခန်းထဲကို ဘယ်သူမှ မဝင်ရ ဆိုသော စည်းကမ်းတစ်ခုရှိနေ၏။

တကယ်ဆို ရုံးမှာ အရေးကြီးစာရွက်စာတမ်းတွေ အများကြီးမို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူက တာဝန်ယူမည်လဲ။

ထို့ပြင် ဟန်ကျိုးလီက သူ မရှိသည့်အချိန်မှာ သူ့ပစ္စည်းတွေကို သူများထိတာကိုင်တာမကြိုက်တဲ့သူ၊ ဆိုဖာပေါ်မှာထိုင်တာကိုတောင် ပိတ်ပင်လေ၏။

ဒါပေမယ့် ဒီနေ့ လုမန် အထဲဝင်သွားလို့ အဲ့ဒီစည်းကမ်းလည်း ကျိုးပျက်သွားခဲ့ပြီ ဖြစ်ရာ..

လုမန် ဝင်နိုင်လျှင် သိုက်ယီးရန် မဝင်နိုင်စရာ အကြောင်းမရှိ ဟု ယဲ့ရွှမ်းရွှမ်းနှင့်တကွသော တခြားလူတွေ ထင်မိကြ၏။

ဟန်တုံးဖျင်ကလည်း အပြင်လူ မဟုတ်သည်မို့ သိုက်ယီးရန်ကို သူ့ကိုယ်တိုင်ပဲ ဦးဆောင်ခေါ်သွားလေသည်။

“ လေးလေး .. သမီးဘာသာပဲစောင့်နေလိုက်မယ်၊ လေးလေးမှာ လုပ်စရာရှိရင် သွားလုပ်ပါ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now