17

6.5K 808 1
                                    

Unicode

အခန်း ၁၇ ) လုချီကိုအခွင့်အရေးယူတာနင့်အတွက်ကောင်းပါ့မလား

လုမန် ဟိုတယ်မှထွက်၍ တက္ကစီလှမ်းခေါ်လိုက်သည်။

အနောက်ခန်းကို ရောက်ပြီဆိုတာနှင့် ဖုန်းတန်းခေါ်လိုက်ကာ၊

“ ထန်းကျိ ငါပါ ”
ထန်းကျိသည် သတင်းထောက်ဖြစ်သည်။
မတိုင်ခင်ကတည်းက လုချီသတင်းတွေလိုက်နေသူဖြစ်ကာ လုချီ ဘော်ဒီဂတ်နှင့်ပင် ပြဿနာတက်သွားခဲ့ဖူးသည်။

ထိုအချိန်က ဘော်ဒီဂတ်သည် ပိန်ပါးလှသော ထန်းကျိကို အလွယ်သိပ်နိုင်ခဲ့ကာ ထန်းကျိကင်မရာလည်း မုန့်မုန့်ညက်ညက် ကြေခါနီးပင် ဖြစ်သွားခဲ့၏။

အခုမှ အလုပ်စဝင်ကာစ ထန်းကျိကို ထိုအချိန်က စီနီယာတွေကလည်း အခွင့်အရေးယူခဲ့သည်။

သူ့ခမျာ သူများတွေလျစ်လျူရှုတာကို ခံလိုက်ရ၊ စီနီယာတွေအနိုင်ကျင့်တာကိုခံလိုက်ရနှင့်မို့ မြင်နေရသည့် လုမန်က စာနာစိတ်ဝင်ပြီး ဖေးဖကူညီဖြစ်ခဲ့သည်။

ဒီလိုအဖြစ်အပျက်လေးကြောင့် သူမတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းဆက်ဆံရေးတစ်ခု တိုးပွားလာမည် မထင်ခဲ့သော်လည်း သူမဟာ ထန်ကျိနှင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့သည်။

“ ဟေ့ ရှောင်မန် ”
ထန်းကျိဘက်က ပွက်လောရိုက်နေသည်။ စကားပြောသံတွေလည်း လုမန် ကြားရ၏။ 
“ လုပ်ပါ မြန်မြန်ရွှေ့စမ်း ”

“ ဘာတွေဖြစ်နေတာလဲ. . နင် ဘယ်မှာလဲ ”

“ ဟမ် နင် မသိဘူးလား ”
ထန်းကျိက မယုံသင်္ကာစွာ မေးလာလို့ 
“ ငါက နင့်ကို ​မေးတော့မလို့ ငါသိရသလောက်တော့ ဒါရိုက်တာလုဟန်လိဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရတယ်တဲ့။ ဒီဖြစ်ရပ်မှာ နာမည်ကြီးမင်းသမီးတချို့ပါနေတယ်လို့လည်းကြားတယ်။ ဒါပေမယ့် ဘယ်သူမှန်းတော့ မသိရသေးဘူး။ ငါ့သူငယ်ချင်းဆီက ကြားတာတော့ လုချီက အခု ရဲစခန်းမှာ စစ်ဆေးခံနေရတယ်တဲ့လေ။ ငါလည်း အံ့သြလို့ပါ အဲဒါ ဒီကိစ္စက လုချီနဲ့ ပတ်သက်နေနိုင်လား နင်သိရင် ပြောပြစမ်းပါ ”

ထိုမှစခဲ့သော အချစ်များစွာသည် Onde as histórias ganham vida. Descobre agora