53

4.4K 541 3
                                    

အခန်း ၅၃။ အခုကစပြီး လုချီရဲ့ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေဆုံးခန်းတိုင်လေပြီ

လုမန်မျက်လုံးမှိတ်လို့ စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် ပြောဆိုပြီးမှသာ စိတ်ငြိမ်သွား၍ အိပ်ဖို့ပြင်လိုက်သည်။

သို့ပေမယ့် ရှချင်းဝေ နိုးလာတဲ့အချိန်မှာ သူမ အိပ်ပျော်နေဦးမည် စိုးတာကြောင့် နှစ်နာရီလောက်သာအိပ်ပြီး မြန်မြန်ပြန်ထလိုက်၏။

ရေမိုးချိုးဖြီးလိမ်းပြင်ဆင်ပြီးသည့်နောက်တွင် လုမိသားစုက အစပျိုးခဲ့သော ရန်ပွဲကို သတိရလိုက်ပြီး ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်တွင် ရှာဖွေလိုက်သည်။ 

မနေ့က ထန်းကျိဟာ သူနှင့်အတူ လူတွေအများကြီးခေါ်လာခဲ့တာကြောင့် သတင်းထုတ်ပြန်မည့်လူက သူတစ်ယောက်တည်း မဟုတ်ပေ။

သတင်းထောက်က ဓာတ်ပုံတွေနှင့်အတူတွဲ၍ သတင်းထုတ်လွှင့်လိုက်သည်။ မနေ့က ထိုနေရာတွင်ရှိနေခဲ့ကြသော အင်တာနက်လောကသားများကလည်း သူတို့သိထားသမျှကို အင်တာနက်ပေါ်တွင် မျှဝေပေးခဲ့ကြလေသည်။ ထို့ကြောင့် အင်တာနက်တွင် ဓာတ်ပုံများ နှင့် ဗီဒီယိုများမှာ မထိန်းချုပ်နိုင်အောင် ပျံ့နှံ့လာခဲ့တော့၏။

သူမတို့ပြောစကားများကိုပင် ဗီဒီယိုမှတ်တမ်းယူထားခြင်းမှအစ စာသားဖော်ပြချက်ပို့စ်များအဆုံး ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဝေခဲ့ကြလေ၏။

ကနဦး၌ လုချီ၏ ပရိသတ်များသည် ထိုသတင်းကို မယုံကြည်နိုင်ခဲ့ကြပေ။ သတင်းဆောင်းပါးများတွင် ဖော်ပြထားသော လုမိသားစုဟူသည် လုချီ၏မိသားစု စစ်မှန်ပါရဲ့လား ဟုပင် သူတို့က မေးခွန်းထုတ်ကြလေ၏။

ပြီးတော့ ဒီကမ္ဘာမှာ နာမည်တူတဲ့လူတွေလည်း အများကြီးရှိတာမို့ လုချီကို စွပ်စွဲဖို့အတွက်နဲ့ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ငှားရမ်းခဲ့တာရော မဖြစ်နိုင်ဘူးလား?

အနုပညာလောကတွင် လူတို့သည် တစ်ဦး၏ ဂုဏ်ကို ပျက်စေရန် နည်းလမ်းမျိုးစုံကို သုံးလေ့ရှိကြသည်။ ဤသည်ကို လူတိုင်း ယခင်က အကြိမ်များစွာ တွေ့ကြုံခဲ့ဖူးပြီး ဖြစ်လေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now