19

6.1K 778 1
                                    

Unicode


အခန်း ၁၉ ) သမီးကလည်း အဖေ့သမီးပါ

ကိုယ်တိုင်က အထင်လွဲခံနေရသည့်တိုင် လုမန်ကို ဂရုတစိုက်ရှိရှာသော ဇနီးသည်နှင့် သမီးငယ်ကို ကြည့်ရင်း လုချီယွမ်မှာ စိတ်မကောင်းဖြစ်မှုတို့ချက်ချင်းကွယ်ပျောက်သွားသည်။ ထိုနေရာတွင် ဒေါသတို့အစားဝင်လာလျက်။

“ ကြည့်စမ်း မင်းအမေနဲ့ညီမက မင်းအပေါ်မှာ ဘယ်လောက်တောင်ဂရုတစိုက်ရှိလိုက်သလဲ. . ဒါတောင် မင်းက ကိုယ့်ညီမလေးကို ဒုက္ခရောက်အောင်လုပ်တယ်! ဘယ်လောက်တောင်ယုတ်မာရိုင်းစိုင်းလိုက်သလဲ!! ”
လုချီယွမ်က လုမန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ကြိမ်းမောင်းသည်။ 

လုမန်နှုတ်ခမ်းတွေတုန်နေ၏။
“ အဖေ. . . ”

“ ငါ့ကိုအဖေလို့မခေါ်နဲ့!! ငါ လုချီယွမ်မှာ ဒီလိုယုတ်မာရိုင်းစိုင်းတဲ့သမီးမျိုးမရှိဘူး ”
လုချီယွမ်က လက်ကို စိတ်ဆိုးမာန်ဆိုး ဝှေ့ယမ်းပစ်သည်။ လုမန်က နံစော်နေသည့် အမှိုက်ပုံတစ်ခုလို . . အနားကပ်မိရင် မသတီသလို . .

“ သမီးဘာလုပ်ခဲ့မိလို့လဲ အဖေ . . အိမ်ထဲဝင်လာကတည်းက သမီးမှာ စကားလေးတစ်ခွန်းတောင် မပြောရသေးပါဘူး အဖေက ထရိုက်တာလေ . . အဖေစိတ်ဆိုးအောင်လုပ်မိတယ်ဆိုရင်လည်း စကားနဲ့ပြောလို့ရပါတယ် အဖေရယ် ဘာလို့ လက်ပါရတာလဲ ”
လုမန်က ပါးတစ်ခြမ်းကိုအုပ်၍ ငိုကာမေးသည်။

ရှချင်းယန် အကြည့်လွှဲသွားသည်။
ဒီနေ့ လုမန်က တစ်ခုခု ထူးဆန်းနေသည်။

အရင်ကဆို ရှချင်းယန်ထိလျှင် မကြိုက်။ အထိလည်း မခံ။ လက်နှင့်ပုတ်ထုတ်တတ်သည်။

ထို့ကြောင့် ဒီလိုဖြစ်လိုက်တိုင်းမှာ လုချီယွမ်က ဒေါသပိုထွက်၍ လုမန်ကို ပိုမုန်းသွားသည်။

တခြားတစ်ဖက်တွင်မူ လုမန်က တပ်မခေါက်ဘဲ လုချီယွမ်နှင့်ပါ စကားများပစ်သည်။

ဒါကြောင့်ပဲ သူတို့ချင်း အနေဝေးပြီး အေးစက်စိမ်းကားလာကြတာ . . ။

ခုတော့ လုမန်က သူမကို တွန်းမပစ်သည့်အပြင် မျက်နှာမြင်တာနှင့် ထွက်သွားဖို့လည်း မပြော။ လုချီယွမ်နှင့်တောင် စကားများခြင်း မရှိပါ။

ထိုမှစခဲ့သော အချစ်များစွာသည် Où les histoires vivent. Découvrez maintenant