68

3.8K 458 5
                                    

၆၈။ [ အဲ့ဒီမှာ အနိုင်ကျင့်ခံခဲ့ရတယ် ]

နောက်ဆုံးစကားဟာ ထန်းကျိ၏ စိတ်ရင်းမှန် ဖြစ်နိုင်သည်။ လုမန်ရင်ထဲကြည်နူးဝမ်းမြောက်သွားရကာ သူ့အကြံကို သဘောတူလိုက်သည်။

“ အလုပ်ဖြစ်ပြီနော် ငါ့တာဝန်ထားလိုက် ”
ထန်းကျိ ဖုန်းချသွား၏။

***

နှစ်ရက်အကြာတွင် လုချီယွမ်က ရှချင်းယန်ကို စခန်းမှ ထုတ်နိုင်ခဲ့သည်။

စခန်းဝင်ပေါက်မှာ ရှချင်းယန် ပေါ်လာချိိန်တွင် လုချီယွမ်နှင့် လုချီတို့မှာ မှတ်ပင်မမှတ်မိကြ။

ရှချင်းယန်၏ တန်ဖိုးကြီးအဝတ်အစားတွေသည် လမ်းဘေးစျေးတန်းမှ ဝယ်ယူဝတ်ဆင်ထားသကဲ့သို့ ခြေဆုံးခေါင်းဆုံး တွန့်ကြေနေလေ၏။ မျက်နှာက ဖြူဆုတ်နေပြီး ကာလာမဲ့နေကာ မျက်တွင်းတွေလည်း ချိုင့်ဝင်နေသလို အိပ်ရေးပျက်ထား၍ နီရဲနေလျက်။ မျက်နှာက ချောင်ကျသွား၍ ပါးနှစ်ဖက်သည် တွင်းနက်ပမာ ခွက်ဝင်နေလေ၏။

ထို့ပြင် အမြဲ အစဥ်တစိုက် ထိန်းသိမ်းလာခဲ့သော အသားအရေသည်လည်း ယခုတော့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဥ်ကို ဖော်ကျူးနေခဲ့လေပြီ။

နှစ်ရက်ပဲရှိသေးတယ်ဆိုပေမယ့် ရှချင်းယန်ရဲ့အရွယ်မှာ အသားအရေကို နှစ်ရက်လောက် ဂရုမစိုက်ခြင်းက နှစ်နှစ်လောက် ဂရုမစိုက်ခြင်းနဲ့ ညီမျှနေသည်။ ခုတော့ သူမပုံက ဖြူဖပ်ဖြူရော်နဲ့ လူမမာရုပ်လည်း ပေါက်နေရှာ၏။

လုချီယွမ် တုန်လှုပ်သွားသည်။ သူ့ရှေ့က အမျိုးသမီးဟာ မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ ရှိနေသည်။ ဒါ တကယ်ပဲ သူ့ဇနီး ရှချင်းယန် ဟုတ်ရဲ့လား?

ဘယ်လို..ဘယ်လိုဖြစ်လို့ ခုလို အိုစာသွားရတာလဲ?

ချက်ချင်းပဲ လုချီယွမ်မှာ မနှစ်မြို့စိတ်တွေ ဖြစ်ရသည်။

ရှချင်းယန် အပြင်ရောက်တော့ နေရောင်ခြည်ကြောင့် မျက်လုံးတွေကျိန်းစက်သွားခဲ့၏။ လုချီယွမ်နဲ့ လုချီကို မြင်ရချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ မနှစ်မြို့သော မျက်ဝန်းတွေကို မမြင်နိုင်ဘဲ သွက်သွက် ပြေးသွားလိုက်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now