45

6.6K 839 18
                                    


(Unicode)

အခန်း ၄၅ ) တစ်ချိန်လုံး ငြိမ်နေခဲ့သည့် ဟန်ကျိုးလီက ကတ်တွေကောက်ထုတ်လို့


“ စောစောကပဲအားလုံးကိုကြားပြီးပါပြီ ”
လုမန် ခေါင်းညိတ်လိုက်သည်။

ထိုစဥ် သူနာပြုတစ်ဦးပြေးလာကာ
“ ဒေါက်တာဟူ ဒေါက်တာ ခွဲခန်းကိုသုံးမှာလား.. မသုံးဘူးလား.. တကယ်လို့ မသုံးတော့ရင် တခြားသူကို ပေးသုံးလို့ ရမလား ”

“ ဟုတ်ကဲ့ ကျွန်မတို့သုံးမှာပါ! ”
လုမန် အသော့ဝင်ပြောလိုက်သည်။
“ ကျွန်မက လူနာဖြစ်သူရဲ့သမီးပါ ဆရာမတို့က မိသားစုဝင်တစ်ယောက်ရဲ့လက်မှတ်လိုနေတာဟုတ်ပါတယ်နော်? ကျွန်မလက်မှတ်ထိုးပေးပါ့မယ် ”

ဘေးနားက သူနာပြုက စာချုပ်ကိုပြင်ထားတာကြာပြီဖြစ်ကာ လုမန် အချိန်ထပ်မဆွဲချင်၍ ချက်ချင်း လက်မှတ်ထိုးလိုက်သည်။

“ ကုန်ကျစရိတ်ကို သွားရှင်းလို့ရပါပြီ ”
ဒေါက်တာဟူက ပြောလာ၏။ 
“ ခွဲခစရိတ်က တစ်သိန်းပါ ”

နှလုံးခွဲစိတ်ကုသမှုသည် အရေးကြီးသောခွဲစိတ်ကုသမှုဖြစ်၍ ခွဲခစရိတ်တွေက မသေးပေ။

“ ကျွန်မ အခုပဲ သွားယူလိုက်ပါမယ်။ အရင်က လဝက်လောက်နေမှ ခွဲစိတ်ကုသဖို့ ဒိတ်ယူထားတာမို့လို့ အခု ကျွန်မမှာ ပိုက်ဆံတွေ အများကြီး ပါမလာခဲ့ဘူး။ မေမေ့ကို အရင်ခွဲစိတ်ပေးထားလို့ဖြစ်မလားရှင့် ”

ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်ကို ပြင်ဆင်ထားတာက ကြာပါပြီ။ အရင်ဘဝမှာ ထောင်ထဲကိုသွားရတော့ ခွဲစိတ်ဖို့စောင့်နေသည့် မေမေ့ဘေးမှာ ရှိမနေခဲ့ရတာကို မှတ်မိပါသေးသည်။ ထို့ကြောင့် ထန်းကျိကိုပဲ ပိုက်ဆံတွေအပ်ခဲ့ရ၏။

သို့ပေမယ့် ခွဲစိတ်ခ တစ်သိန်းပဲ ငွေစုနိုင်ခဲ့ကာ.. ထိုမှလွဲရင် ဆေးဝါးနှင့်ဆေးရုံစရိတ်တွေအတွက် ပေးစရာငွေ အလုံအလောက်တော့ မရှိပေ။ 

ဒါပေမဲ့ ခုချိန်မှာ အရေးကြီးဆုံးက ခွဲစိတ်ကုသမှု ပြီးဆုံးဖို့ဖြစ်ပြီး နောက်ဆက်တွဲလိုအပ်မယ့်ငွေကိစ္စအတွက်တော့ နည်းလမ်းရှာရလိမ့်မည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now