98

2.5K 276 2
                                    

Unicode :

အခန်း [ ၉၈ ]

PR ဌာနနှင့် သက်ဆိုင်သည့် သတင်း ဖြစ်နေလျှင်တော့ သူတို့ဌာနက လူတွေ အသင့်ပြင်ထားလို့ရအောင် ပြောပြမည်ပင်။

စီအီးအို၏ အတွင်းရေးမှူး ဌာနသို့ သွားရာလမ်းတစ်လျှောက်လုံး ယဲ့ရှောင်ရှင်းမျက်နှာလေး ဆူပုပ်နေတော့သည်။

" ကဲ ဘာကိတ် .. ဟယ် .. မျက်နှာကြီးကလည်း .. ဘယ်သူ ဘာလုပ်လိုက်လို့တုံး "
ညီမဖြစ်သူကိုမြင်တာနှင့် ယဲ့ရွှမ်းရွှမ်း မေးလိုက်မိသည်။

" ဒီနေ့ တို့ဌာနကို ရောက်လာတဲ့ မိန်းမပေါ့ "
ယဲ့ရှောင်ရှင်းက လုမန်ကို ညက်ညက်ဝါးနေသလို ဒေါသသံနှင့် အံကြိတ်ပြီး ပြောသည်။

" တိုးတိုး​ဟဲ့ .. သူဌေး နားထဲကိုရောက်သွားရင် ငါလည်း မကယ်နိုင်ဘူး "
ယဲ့ရွှမ်းရွှမ်း ယဲ့ရှောင်ရှင်းကို ဆွဲခေါ်သွားလိုက်သည်။

ယဲ့ရှောင်ရှင်းက အသံလေးတိတ်သွားပြီးမှ
" သူဌေး မရှိဘူးမို့လား "

ယဲ့ရွှမ်းရွှမ်း မျက်မှောင်ကြုတ်ပစ်လိုက်ကာ
" ရုံးခန်းထဲမှာ ရှိတယ် .. အပြင်ထွက်လာလို့ နင် ပြောတာကို ကြားသွားရင် အလုပ်ထုတ်ခံထိလိမ့်မယ်နော်၊ ငါက အတွင်းရေးမှူးပေါက်စလေးဟဲ့၊ အဲ့လိုဖြစ်လာရင် နင့်ကို မကယ်နိုင်ဘူး "

" အင်းပါ သိပါတယ် "
ယဲ့ရှောင်ရှင်းက သက်သာရာရသွားသလို ရင်ဘတ်လေးကို သပ်ချလိုက်ရင်း
" မရှိလို့ တော်သေးတာပေါ့ "

" ဘာတွေဖြစ်လာလို့လဲ "
ယဲ့ရွှမ်းရွှမ်း အံဆွဲထဲက အာလူးကြော်ဘူးကို ထုတ်ရင်း မေးလိုက်သည်။ ကိုယ့်အထက်ကလူကြီး မမြင်သရွေ့ မု့န်ခိုးစားတာလောက်က ပြဿနာမရှိပါ။

ယဲ့ရှောင်ရှင်းက အာလူးကြော်တစ်ချပ်ကို ယူ၍ ဆိုးဆိုးဆတ်ဆတ် ကိုက်ဝါးပစ်သည်။
" တို့ဌာနမှာ ဒီနေ့ ဝန်ထမ်းအသစ်ရောက်တယ် "

" သိတယ်လေ လုမန်ဆိုတဲ့တစ်ယောက်မို့လား၊ ဟိုတစ်နေ့က သူ့အဖေပြဿနာလာရှာသွားတာ .. အလုပ်တောင်မလုပ်ရသေးဘူး သူက ကုမ္ပဏီမှာ ဟိုးလေးတကျော်ဖြစ်နေပြီလေ .. အခုဆို သူ့ကို မသိတဲ့သူ သိပ်မရှိဘူး "
ယဲ့ရွှမ်းရွှမ်းကလည်း အာလူးကြော်လေး ယူဝါးသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now