78

3.2K 378 1
                                    

အခန်း [ ၇၈ ]

လုမန်က အံ့သြသည့် မျက်လုံးလေးဖြင့် တဒင်္ဂမှင်တက်သွားပြီးမှ
" မန်နေဂျာဝူ .. ရှင်ပြောတာက .. ကျွန်မကို အလုပ်ခန့်လိုက်ပြီလား .. "

" ဟုတ်တယ် "
ဝူလီကျဲက ခေါင်းညိတ်ရင်း ပြုံးပြသည်။ ပြီးတော့ ထရပ်ပြီး လက်တစ်ဖက်ကမ်းလိုက်ကာ
" PR ဌာနက လုပ်ဖော်ကိုင်ဖက်အသစ်လေးကို ကြိုဆိုပါတယ်ဗျာ.. "

ချက်ချင်း အလုပ်ခန့်မည် ဟု မထင်ထားသဖြင့် လုမန်မျက်နှာပေါ်က အံ့သြမှုတွေသည် မှေးမှိန်လျော့ပါးသွားခြင်း မရှိပေ။

အလုပ်ရဖို့ အရေးကြီးလို့ ကိုယ်ဘယ်လိုတွေခံစားနေရတယ်ဆိုတာကို ဘယ်သူမှ မသိကြ။ အလုပ်ကလေးရမှ ရှချင်းဝေကို ဆက်လက်ကုသပေးနိုင်မည်။

ပြီးခဲ့တဲ့ရက်တွေမှာ အလုပ်ရှာမရတဲ့အတွက် ဖိအားတွေများပြီး လျှာမှာ အဖုလေးတွေ ပေါက်လာတဲ့အထိ ဖြစ်ခဲ့သည်။

ခု ဒီပြဿနာကြီးကို ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်၍ ဖိအားအတော်လေး နည်းသွား၏။

" ဒီနေ့က သောကြာနေ့မို့ လာမယ့် တနင်္လာနေ့မှာ တရားဝင်အလုပ်စဆင်းလို့ရပြီ ဖြစ်တယ်မို့လား "

" ဟုတ်ကဲ့ ဖြစ်ပါတယ် "
ရှချင်းဝေ သက်သာလာပြီမို့ လုမန် ချက်ချင်းလက်ခံလိုက်သည်။ အနာက ပျောက်ခါနီးပြီ ဖြစ်သလို ကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်နေပြီပဲ။

PR ဌာနကနေ ထွက်တာနှင့် ထန်းကျိကို ဖုန်းဆက်လိုက်သည်။
" ငါအလုပ်ရပြီ ထန်းကျိ "

" မိုက်တာပေါ့ .. နင်လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသား .. ဒီည အန်တီ့ဆီကို ငါလာခဲ့မယ် .. စားစရာတွေလည်း ယူလာခဲ့မယ် .. နင် ဆေးရုံကနေ မခွာချင်တာ သိလို့ ဆေးရုံမှာပဲ ဂုဏ်ပြုပွဲသေးသေးလေး လုပ်ရအောင် "

" ဒါပေါ့ .. ငါလည်း ချက်ပြုတ်ထားလိုက်မယ် "
လုမန် စိတ်တွေပေါ့ပါးပြီး ပျော်သလို ခံစားနေရသည်။ လျှာပေါ်က အဖုအပိမ့်လေးတွေတောင် သိပ်မနာတော့သလိုလို ..။

" ​အေး.. ဟုတ်သားပဲ .. နင် လျိုမူစန်းအကြောင်း သိချင်နေတာ ဟုတ်တယ်မို့လား .. ငါ ဒီနေ့ မေးကြည့်လိုက်တော့ လျိုမူစန်းကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်တဲ့ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now