12

6.8K 765 8
                                    

Unicode

အခန်း ၁၂ ) ဒါပေမယ့် ဟဲကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လုချီက ခိုးယူသွားတာပဲလေ

အစောပိုင်းမှာ ​​တစ်ယောက်ယောက်က တစ်ခုခု ပြောလိုက်၍ လုချီယွမ်က အကျယ်ကြီး ထရယ်တာဖြစ်သည်။

အရယ်ရပ်သွားတော့ ဟဲကျိန့်ပိုင်ကို ကြည့်သည်။
“ ကျိန့်ပိုင် ငါ့သမီးကို မင်းဆီအပ်လိုက်ပြီနော် သေချာဂရုစိုက်ပါကွာ သူခမျာ တော်တော်လေး ခံစားခဲ့ရပြီးပြီမို့လို့ ”

“ ဟုတ်ကဲ့ပါ အဖေ မစိုးရိမ်ပါနဲ့ ကျွန်တော် သူ့ကို သေချာပေါက် ကောင်းကောင်း ထားမှာပါ ”
ဟဲကျိန့်ပိုင်က တည်ကြည်လေးနက်စွာ ​စကားပြန်သည်။

ဟဲကျိန့်ပိုင် နှင့် လုချီ ၏ လက်သူကြွယ်တွေမှာ လက်ထပ်လက်စွပ် ဝတ်ထားကြသည်။

သူမ ထောင်ထဲရောက်နေတဲ့အချိန်မှာ သူတို့ နည်းနည်းလေးတောင် မစောင့်နိုင်ကြဘူးလား။

“ ဒါပေမယ့် မင်းမသိသေးတဲ့ ကိစ္စတစ်ခုရှိတယ်။ မင်းယောက္ခမရယ် ငါရယ် ချီချီရယ်ပဲ သိတဲ့ကိစ္စပေါ့ကွာ။ ဒါပေမယ့် ထောင်ထဲက တစ်ယောက်ကြောင့် ဒီကိစ္စကို ငါတို့တွေ တခြားဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး . . နှစ်တွေလည်းကြာခဲ့ပါပြီ . . ဒီကိစ္စကြောင့်ပဲ ချီချီက အထင်လွဲ ခံခဲ့ရပေမယ့် မကျေနပ်ချက်တွေကို ဘယ်တော့မှ ပေါက်ကွဲရတယ်လို့ မရှိပါဘူး ”
လုချီယွမ်က သက်ပြင်းချသည်။

“ အဖေ ”
လုချီ၏ မျက်လုံးများ အရည်ပြည့်လျှမ်းနေကာ
“ သမီးမှာ မကျေနပ်ချက်ရယ်လို့ မရှိပါဘူး . . အဖေက အမြဲတမ်း သမီးအပေါ်မှာ ကောင်းခဲ့တာပဲလေ၊ အဲဲဒီအပေါ်ယံအမည်နာမတွေကိုလည်း သမီးက ဂရုမစိုက်ပါဘူး ”

“ ဘာလို့ဂရုမစိုက်ရမှာလဲ မင်း ဂရုမစိုက်ရင်တောင် အဖေက ဂရုစိုက်တယ် မင်းတို့နှစ်ယောက်စလုံးအတွက် အဖေစိတ်မကောင်းဘူး။ ကျိန့်ပိုင် တကယ်တော့ ချီချီက မယားပါသမီး မဟုတ်ဘူးကွ  ငါ့သမီးအရင်း လုမိသားစုရဲ့အမွေစားအမွေခံ အစစ်ပါ ”

တကယ်တော့ လုမန်နှင့် မပြတ်စဲခင် ဟိုအရင် ကတည်းက ဟဲကျိန့်ပိုင် သိပြီးသားဖြစ်သည်။ လုချီနှင့် တွဲတော့ လုချီက သူ့ကို ပြောပြပါသည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now