49

5.3K 674 9
                                    

(Unicode)

အခန်း ၄၉ ) ဒီလူက လူရှုပ်လူညစ်လား?

ထိုမိန်းမတွေ အနားကပ်လျှင် သူစိတ်ရှုပ်သည်။ ရေမွှေးနံ့တွေဆိုလျှင်လည်း သည်းမခံနိုင်။

လုမန်နှင့်ကျတော့ ဘာတွေဖြစ်ဖြစ် မေ့လို့မရ။ သူ့ကို မှော်တွေဘာတွေသွင်းသွားသလား..

သူမထွက်သွားပြီးသည့် ညက သူ အိပ်မက်ပင်မက်သည်။ တဘက်တစ်ထည်လေးပတ်၍ သူ့ရင်ခွင်မှာ ခိုအောင်းသော လိပ်ပြာမယ်... 

နီထွေးသော နှုတ်ခမ်းအစုံကို အိပ်မက်မြင်သည်။ ထိုနှုတ်ခမ်းတွေကို သူ စားသုံးနိုင်ပါစေပေါ့..

ဒါပေမဲ့ အဆုံးကျ သူ လန့်နိုးသွားခဲ့၏။ ဂွမ်းကပ်တစ်နေရာတွင်လည်း ရွှဲရွှဲစိုနေပါသည်။

အရင်က အဲ့လို မဖြစ်ခဲ့ဖူးဘူး!

ဘယ်လောက်ညှို့ဓာတ်ပြင်းတဲ့ မိန်းမဖြစ်ပါစေ သူ စိတ်မဝင်စားသလို ဒီလိုအိပ်မက်ကြီးကိုလည်း မမြင်မက်။

လုမန်နဲ့မှ!

စောစောကလည်း သူမ ဖုန်းကိုအာရုံစိုက်နေချိန် သူ အနားကပ်သွားရင်းကနေ ခေါင်းလျှော်ရည်နံ့သင်းသင်းလေးကြောင့် မထိန်းနိုင်မသိမ်းနိုင်ဖြစ်သွားရတာ..

ပြီးတော့ သူမနဲ့ဆုံလိုက်တိုင်းမှာ သူ့ကိုယ်က အထိန်းအသိမ်းမဲ့သည်။

ကြွားတာတော့မဟုတ်.. သူက အထိန်းအသိမ်းသိပ်တော်ခဲ့တာပါ။

မဟုတ်ရင် ဒီလောက်နှစ်တွေအကြာကြီးမှာ သူ ဘယ်မိန်းမနဲ့မှ မပတ်သက်ဘူးဆိုတာ ရှိပါ့မလား

ဒါပေမယ့် အထိန်းအသိမ်းတော်တဲ့ သူကလည်း လုမန်နဲ့ကျမှ အသုံးမကျဖြစ်ရ၏။

အစကတော့ သူ့ကိုယ်သူ ထိန်းမလို့ပါ.. ဒါပေမယ့် လုမန်က အချိန်ကိုက်ကျမှ ဦးမော့လာလို့..

သူ့နှုတ်ခမ်းတွေက သူမမျက်နှာနှင့် ပွတ်တိုက်မိသွားကာ အိအိလေးဖြစ်နေတာက တစ်ကြောင်း

တွေးကြည့်လိုက်မှ သူ့စိတ်ထဲမှာ ချိုချိုမြိန်မြိန် ရှိတယ်ထင်လို့ နှုတ်ခမ်းတွေပင် ပြန်သပ်မိသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now