23

6.7K 878 16
                                    

Unicode

အခန်း ၂၃ ) လက်စသတ်တော့ အမြှောင်ဖြစ်တယ်ဆိုတာ မျိုးရိုးလိုက်လို့ကိုး

လုချီယွမ် ကသိကအောက်ဖြစ်သွားသည်။

" ဒါပေမယ့် ကျုပ် အသက် ၁၄ နှစ်မှာ ကျုပ်အဖေက တခြားတစ်ယောက်ရဲ့အဖေဖြစ်သွားတယ်။ ကျုပ်အဖေ မဟုတ်တော့ဘူး။ လုချီ ခံစားရမှာကိုပဲ သူက စိတ်ပူတတ်တယ်။ ကျုပ် ဘယ်လိုတွေ အပြောအဆို ခံရသလဲတော့ ဂရုမစိုက်ဘူး။ လုချီ အနုပညာအသိုင်းအဝိုင်းထဲဝင်ဖို့အတွက်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်တဲ့ ကျုပ်ကို လက်ထောက်လုပ်ခိုင်းခဲ့တယ်။ ကျောင်းကောင်းကောင်းမှာ တက်ခွင့်ရအောင် ကျုပ်က ကြိုးစားခဲ့ပေမယ့် ခင်ဗျားက အတင်းနုတ်ပြီး လုချီဆီမှာ ကျွန်လုပ်ခိုင်းတယ်။ ကျုပ် မတရား စွပ်စွဲခံရတာကို သိပါရက်နဲ့ အချောင်ဝင်ခံစေချင်တယ်။ ကျုပ်အနာဂတ်ကိုဖျက်ဆီးတာမဝလို့ ကျုပ်ရဲ့တစ်ဘဝလုံးကိုပါ ဖျက်ဆီးမှဖြစ်မှာလား ခင်ဗျား "

လုမန်မျက်ရည်တွေပြိုစီးလာသည်။ ချက်ချင်း သုတ်ပစ်လိုက်ပေမယ့် အားနွဲ့မှုကို မကွယ်နိုင်။
" လုချီမှာအဖေရှိတယ်။ ကျုပ်မှာတော့မရှိဘူး။ သူလုပ်ခဲ့တာဆိုတော့ သူတာဝန်ယူပါစေပေါ့။ ကျုပ်က သူ့အစား ဝင်ခံပေးမှာ မဟုတ်ဘူး။ တကယ်လို့ သူသာ တရားခံ မဟုတ်ဘူးဆိုရင် ဘာကြောက်စရာရှိလဲ။ ရဲတွေက စုံစမ်းစစ်ဆေးလို့ပြီးတာနဲ့ တရားခံအစစ်ကို လွှတ်ပေးမှာ မဟုတ်ဘူး။ တကယ်လို့ သူမှန်တယ် ကျုပ်က တရားခံဆိုရင် ရဲတွေကျုပ်ကို လာဖမ်းပါလိမ့်မယ်။ ကျုပ်ကတော့ ကျုပ်လုပ်ခဲ့တာမဟုတ်တဲ့အတွက် လိပ်ပြာသန့်တယ်။ မကြောက်ဘူး "

လုချီမှာအဖေရှိသည် သူမမှာတော့ မရှိ ဟူသော လုမန်စကားကို ကြားပြီး လုချီယွမ်က ဒေါသထွက်နေပြီ ဖြစ်သည်။

သူ့ရှေ့မှာ ဒါတွေပြောတယ်ဆိုတော့ သူ့ကို ဘာမှတ်နေသလဲ . . .

အဖေမရှိဘူးဆိုတော့ သူက သေပြီမို့လို့လား. . .

လုမန်ကို သူ လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး လုချီယွမ်က နည်းနည်းလေးတောင် အတွေးမရှိပါဘဲ သူ့ကို ကျေးဇူးသိတတ်ဖို့ ဘယ်လိုတွေ မျှော်လင့်နိုင်သေးတာလဲ။

ထိုမှစခဲ့သော အချစ်များစွာသည် Donde viven las historias. Descúbrelo ahora