62

3.9K 476 2
                                    

၆၂။ [ ရဲခေါ်မယ် ]

လုမန်က သူခိုးရှေ့မှာရပ်ပြီး ‘110’ ကို နှိပ်ပြကာ Call Button ကို ဆက်နှိပ်ရန် ပြင်သည်။

“ နေဦး! နေဦး! .. ငါပြောပြမယ်! မခေါ်ပါနဲ့ .. ရဲကို မခေါ်လိုက်ပါနဲ့! ”

“ ဒါဆို ပြော ”

သူခိုးက အံကြိတ်ထားလျက်..
“ ရှချင်းယန်ခိုင်းတာပါ ”

လုမန် မျက်လုံးတွေ ကျဥ်းမြောင်းသွားရကာ ရင်ထဲ၌ ဒေါသတွေအမုန်းတွေလှိုက်တက်လာသည်။

ရှချင်းယန်နဲ့ သူ့သမီးက သူမနဲ့မေမေ အေးအေးချမ်းချမ်းနေရဖို့ကို မလိုလားဘူး၊ ခုပဲကြည့် မေမေ့အသက်ကိုကယ်ဖို့ရည်ရွယ်ထားတဲ့ ငွေတွေကိုတောင် ခိုးလာခဲ့ပြီ..

“ သက်သေရှိလား ”
လက်သီးဆုပ်လို့ ဒေါသကို ဖိနှိပ်ထားဖြစ်၏။

“ ဟင့်အင်း.. အဲ့တုန်းက ငါအရမ်းစိတ်လှုပ်ရှားနေခဲ့တာ..ဟိုအရင်လုပ်ခဲ့တဲ့အလုပ်တွေတောင်ငွေနည်းနည်းပဲရခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူက ငါ့ဆီရောက်လာပြီး ဒါအောင်မြင်ရင် ယွမ် တစ်သိိန်း ပေးမယ်လို့ ပြောလာတယ်။ ဒီလောက်အများကြီးမှမရဖူးတာ.. ဒီတစ်ကြိမ်အောင်မြင်သွားရင် တစ်နှစ်လုံး စွန့်စွန့်စားစားတွေလုပ်စရာမလိုတော့ဘူး.. ပြီးတော့ ဒီလိုအလုပ်လေးအတွက် ငွေတွေအများကြီးပေး,ခိုင်းတယ်ဆိုတာ အခုက ပထမဦးဆုံးအကြိမ်လည်းဖြစ်တယ်..ဒါကြောင့် အရင်ကအတွေ့အကြုံလည်းမရှိတော့ ဘာသက်သေမှမယူထားလိုက်ရဘူး ”

သူခိုးက ပြောရင်း စိတ်ညစ်သွားသည်။

“ ဒါဆိုရင် ရှချင်းယန်မှန်း ရှင်ဘယ်လိုသိလဲ ”

“ အင်တာနက်ပေါ်မှာ တွေ့တာ.. လုချီရဲ့မကောင်းသတင်းက ကြီးကျယ်လွန်းလို့ သူ့မိဘတွေဓာတ်ပုံတောင် ပါလာကြတာလေ၊ စမြင်ချင်းမှာ မမှတ်မိခဲ့ပေမယ့် အကြာကြီးစကားပြောလိုက်တော့ လွယ်လွယ်လေး မှတ်မိသွားတာပဲ ”
သူခိုးမှာ မျက်ခွံတွေက ထူထဲရောင်ရမ်းနေပြီမို့ မနည်း အားစိုက်ပြီး မျက်မှောင်ကုတ်ရ၏။

လူကိုယ်တိုင် တွေ့ရလောက်အောင် ရှချင်းယန် တုံးလွန်းမယ်လို့ လုမန် လုံးဝ မထင်ထားမိပါ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now