64

3.8K 466 0
                                    

၆၄။ [ သူတို့အိမ်ကို ရဲတွေရောက်လာ ]

" မတော်တဆဆိုတာတော့ မရှိလောက်ပါဘူးနော်..ဟုတ်တယ်မို့လား " ရှချင်းယန် စိတ်မအေးရ၍ ရင်ဘတ်ကို ဖိသပ်ချနေမိသည်။ " ငါ့စိတ်ထဲမှာ မတင်မကျကြီးနဲ့ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ် "

" ဘာမှမဖြစ်ပါဘူး အမေကလည်း ကိုယ့်ကိုယ်ကိုယ် ခြောက်မနေပါနဲ့ "
လုချီ စကားဆုံးတာနှင့် ' ဆရာ ' လို့ အန်တီချန် ခေါ်တာကို သူတို့ ကြားလိုက်ရသည်။ လုချီယွမ်ပြန်ရောက်လာတဲ့ပုံပဲ..

" အဖေပြန်လာပြီ .. အခု မပြောဘဲနေရအောင် "
ရှချင်းယန်ကို တိုးတိုးလေး သတိပေးပြီးတာနှင့် မျက်နှာမည်းကြီးနဲ့ လျှောက်လာသည့် လုချီယွမ်ကို တွေ့လိုက်ရသည်။

" ချီယွမ် " ရှချင်းယန်က အပြေးသွားကြိုသည်။ " ဘာများဖြစ်ခဲ့လို့လဲ "

ထိုအချိန်မှာ လုချီယွမ်က သူ့ဒေါသတွေကို ချုပ်ထိန်းနေရကာ ရှချင်းယန်ကို လက်နဲ့ ကာ,တွန်းပစ်လိုက်သည်။
" ငါစာကြည့်ခန်းကိုသွားမလို့..မနှောင့်ယှက်နဲ့! "

ရှချင်းယန်နောက်ကိုယိမ်းထွက်သွားတာ လဲကျလုနီးပေမယ့် လုချီက အမြန်ဝင်ထိန်းလိုက်၏။
" အဖေ .. ဘာလို့ဒီလောက်စိတ်တိုနေရတာလဲ.. ထပ်ပြီးတော့ မမကြောင့်ပဲလား "

" အဲ့ဒီကျေးဇူးမသိတတ်တဲ့ဟာလေး!! "
လုမန်နာမည်ထွက်လာတာနှင့် လုချီယွမ်ဒေါသတွေပေါက်ကွဲထွက်သည်။

တကယ်က အပြန်လမ်းမှာ ရှချင်းယန်နဲ့ လုချီကို သူ စိတ်ဆိုးဒေါသထွက်လာခဲ့ခြင်း။

ရှချင်းယန်နဲ့ လုချီကြောင့်သာမဟုတ်ရင် လုမန်ကို သူသွားရှာဖြစ်မှာမဟုတ်သလို သူ့မျက်နှာလည်း ဒီလောက်ပျက်ရပါ့မလား?

လူတွေလွှတ်ပြီး ကာကွယ်ခိုင်းလောက်တဲ့အထိ ဒီမိန်းကလေး ဟန်ကျိုးလီနဲ့ ပတ်သက်မှုတွေရှိနေမယ်လို့ သူ မထင်ထားမိတာပါ။

ကြိုသိခဲ့ရင် သူ ကိုယ့်အရှက်ကိုယ် သွားခွဲခဲ့မှာမဟုတ်ဘူး! ခုတော့ ရှက်စရာတွေဖြစ်ကုန်ပြီ!

လုချီ အတိအကျ မသိပါ။ သို့ပေမယ့် လုချီယွမ် ဆေးရုံမှာ ဒေါသထွက်စရာတွေ ဖြစ်လာခဲ့မှန်း အကြမ်းဖျင်းတော့ ခန့်မှန်းမိသည်။ ဒါကြောင့် ပြန်ရောက်တာနဲ့ သူမနှင့် ရှချင်းယန်ကိုပါ ကြိမ်းလားမောင်းလားလုပ်လာခြင်း..။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now