94

2.9K 334 1
                                    

အခန်း [ ၉၄ ]

" ယူပြီးကြပြီဆိုရင် မင်း ကြည့်ရမှာ လုမန်ကိုပဲ မဟုတ်ဘူး .. သူ့အမေကြီးကိုပါ ပြုစုရဦးမယ် .. ကောင်မလေးရဲ့ဖအေကလည်း ဘယ်လိုဒုက္ခပေးရမယ်ဆိုတာပဲ အမြဲ ကြံနေတဲ့ သူ .. အဲ့လူကြီး ဘယ်အချိန်ပြဿနာရှာလာမယ်ဆိုတာ မသိလို့ ကင်းစောင့်သလို စောင့်ပြီး ကာကွယ်နေရမှာပေါ့ မဟုတ်ဘူးလား .. ဘယ်မှာလဲ သူ့ကို ယူပြီးလို့ အေးအေးချမ်းချမ်း နေထိုင်ရမယ့် နေ့ရက်တွေ .. နေ့တိုင်း ပူပင်ကြောင့်ကြများနေရမယ့် ဘဝ.. "

သူမ ပြောနေတာတွေက နားဝင်ပီယမရှိပေမယ့် အမှန်တွေပဲ မဟုတ်လား ..

" ဒီတော့ လက်ထပ်ပေါင်းသင်းကြဖို့က ထားဦး၊ တွဲကြမယ်ဆိုရင်တောင် အဲ့ဒါတွေနဲ့တင် ခေါင်းခဲသင့်နေပြီပဲ၊ ဟိုမှာ အလုပ်မလုပ်ရသေးတာတောင်မှ သူ့အဖေကြီးက ပြဿနာလာရှာသွားပြီလေ။ နောက်ကို ဒီ့ထက်ပိုဆိုးတာတွေ လာဦးမှာ သိရဲ့လား။ လုမန်ရဲ့အခြေအနေလေးကို မင်း သနားလို့ရတယ် .. ကာကွယ်ပေးလို့ရတယ် .. ဒါပေမဲ့ မိသားစုဝင်အနေနဲ့တော့ မစဉ်းစားရဘူး "

" အမေ တော်ပါတော့ .. ကျွန်တော်က လုမန်ကို ကိုယ့်လက်အောက်က ဝန်ထမ်းလိုပဲ သဘောထားတာပါ၊ အမေပြောသလို တစ်ခုမှ မဟုတ်ဘူး .. ပြောချင်ရင် ပြောပါ၊ ဒါပေမဲ့ လုမန်သိသွားရင် နှစ်ဖက်လုံး အနေခက်ကုန်လိမ့်မယ်၊ တကယ် ဘာမှလည်းမဟုတ်ဘဲနဲ့ အမေ တွေးတာတွေ ရိုင်းနေပြီ "

ဝူလီကျဲကလည်း အန်တီချိုင်ကို အုပ်သည်။ အနားမှာ ဘယ်သူမှမရှိလို့ တော်သေးတာပေါ့.. တော်ကြာ တစ်ယောက်ယောက် ကြားသွားပြီး လုမန်နားထဲထိ ရောက်သွားရင် ဘယ့်နှယ်လဲ။

" ဘယ်မှာရိုင်းတာလဲ၊ မင်းနဲ့ မတွေ့ခင်တည်းက ငါ လုမန်ကို သိတာ၊ သူက လှတယ်၊ ယောက်ျားလေးသူငယ်ချင်းတွေဆိုရင်လည်း အများကြီးပဲ၊ အရင်က အကြံများတဲ့ သတင်းထောက်တစ်ယောက်ကို သူ့အနားမှာတွေ့တယ်၊ မနေ့ကတော့ နောက်တစ်ယောက်.. အရပ်အမောင်းကောင်းပြီး ချောလည်းချောတယ်၊ ရှချင်းဝေရဲ့ခွဲစိတ်ခတွေကိုတောင် အဲ့ကောင်လေး ရှင်းပေးသွားတာ "

ဝူလီကျဲက ဟန်ကော်ပိုရေးရှင်းမှာ အလုပ်လုပ်သည်။ ဟန်ကျိုးလီကလည်း နာမည်ကြီးသလို သတင်းတွေမှာ ပါလာတတ်သည်။ သို့သော် အနုပညာရှင်တွေလို နေရာတကာမှာ လူတကာ မှတ်မိနေစေရေးအတွက် သတင်းမီဒီယာတွေမှာ ပါရအောင် ကြိုးစားတတ်သူ မဟုတ်ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now