88

3.2K 361 4
                                    

အခန်း [ ၈၈ ]

ရှချင်းဝေနှင့် ခြိမ်းခြောက်သည်အထိ ဖြစ်ခဲ့ရာ..

“ မမေ့ပါနဲ့ .. ညည်းမှာ အမေဆိုတဲ့ ရှချင်းဝေပဲ ရှိတာမဟုတ်ဘူး .. အဖေဆိုတဲ့ ငါလည်း ရှိတယ်! ငါမရှိရင် ညည်း လူဖြစ်မှာ မဟုတ်ဘူး! ငါလုပ်သမျှကိစ္စတိုင်းမှာ အကြောင်းပြချက် ရှိတယ်.. ဒါကြောင့် ညည်း မနစ်နာစေရဘူး ”
လုချီယွမ်ပြောစကားက လုမန်ကို ဟားတိုက်ရယ်မောမိစေသည်။

သူက ဒီလောက်ထိ အရေထူနေမှတော့ ကိုယ် ဘာပြောနိုင်ဦးမလဲ..။

“ မသိဘူး .. သူက ညည်းညီမ .. ညည်း သူ့ကို ကူညီရမယ် .. ဟန်ကျိုးလီကို ညည်း ဘယ်လိုပြောပြော ငါ ဂရုမစိုက်ဘူး .. အစ်မတစ်ယောက်အနေနဲ့ သူ့ကို ကူညီရမယ့်ဝတ္တရား ညည်းမှာ ရှိတယ်.. ”

လုမန်က လှောင်သလို ရယ်မောပြီး ဖုန်းချပစ်လိုက်သည်။

လုချီယွမ် တဒင်္ဂတော့ ကြောင်အမ်းအမ်းဖြစ်သွား၏။ သေနာမလေး .. သူ့စကားမဆုံးခင် တကယ်ကြီး ဖုန်းချသွားတာ!

ဒေါသဖြင့် လုချီယွမ် ထပ်ခေါ်သည်။

လုမန်ကတော့ လုချီယွမ်ဆီကမှန်း သိလိုက်လျှင် မကိုင်ဘဲ ဖုန်းကို ပါဝါပိတ်ပစ်လိုက်၏။

ဟိုဘက်မှာ လုချီယွမ် ဘယ်လောက်ဒေါပွနေမလဲ ဂရုမစိုက်ပါ။ ကိုယ်က ဆေးရုံကို ရောက်နေပြီပဲ။

လူနာခန်း ဝင်လမ်းသို့ ရောက်ရှိသည်နှင့် တံခါးစောင့်နတ်တွေလို တံခါးရဲ့တစ်ဖက်တစ်ချက်မှာ နေရာယူထားသည့် ကျိုးချန်နှင့် ရွှီဟွေ့ကို တွေ့လိုက်ရ၏။

“ ဘာဖြစ်လို့လဲ ”

ခုမှ တံခါးရှေ့မှာ ဘာလို့ ရပ်နေကြတာလဲ..

မနက်က ထွက်သွားတုန်းကတော့ ကုလားထိုင်ပေါ်မှာ တုံးလုံးပက်ခေါက်လှဲနေကြတာပါ။

“ ဘာမှမဖြစ်ပါဘူး .. ဘာမှမဖြစ်ဘူး ”
ကျိုးချန်က ပြုံးပြုံးကြီး မေးသည်။
“ ဒီနေ့အင်တာဗျူးဖြေတာအောင်ခဲ့လား ”

လုချီယွမ်နှင့် မတွေ့ခဲ့လျှင်တော့ အောင်တယ်လို့ပြောရမှာပါ၊ ဒါပေမဲ့ ခုတော့ ဟန်ကော်ပိုရေးရှင်းကို အလုပ်သွားလုပ်လို့ ရပါဦးမလား..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now