60

4.4K 520 5
                                    

(Unicode)

၆၀။ [ လူရွယ်တစ်ယောက် ကြမ်းပြင်ပေါ်မှာထိုင်လျက်သားဖြင့် မျက်နှာက ပွန်းပဲ့ထိခိုက်လို့ပါ ]

ပြီးတော့ ကိုယ်ရံတော်နှစ်ဦးကလည်း သည်နေ့ဖြစ်ပျက်ခဲ့သမျှကို ဟန်ကျိုးလီအား ကျိန်းသေပေါက် အစီရင်ခံတင်ပြပါလိမ့်မည်။

ဒါကို သူမဘက်က ဘာမှမ​ဆိုရင် ကျေးဇူးကန်းရာကျဦးမည်။

“ အင်းပါ သမီးခုပဲ အိမ်ကို ပြန်ယူလိုက်ပါမယ်၊ ပြီးတော့ နေ့လယ်စာချက်ပြုတ်ပြင်ဆင်ပြီးမှ ယူလာခဲ့မယ်နော်.. ဆေးရုံစာတွေချည်းစားနေလို့ဘယ်ဖြစ်မလဲ ”
သူမမှတစ်ပါး ရှချင်းဝေအား ပြုစုစောင့်ရှောက်မည့်သူ မရှိသောကြောင့် လုမန် နေ့တိုင်း ဆေးရုံကန်တင်းကနေပဲ စားစရာတွေဝယ်ခဲ့ရ၏။

“ သွားမှသာသွားပါ .. အမေ့ကိုပူစရာမလိုဘူး.. နာရီပိုင်းလောက်ပဲကြာမယ့်ဥစ္စာ.. ဖြစ်မှာပါ ”

လုမန် အိတ်လေးဆွဲပြီး အပြင်ထွက်လာတော့ လူနာခန်းရှေ့မျက်နှာစာရှိ ကုလားထိုင်များပေါ်တွင်ထိုင်နေသော ကျိုးချန်နှင့် ရွှီဟွေ့ကို တွေ့လိုက်ရသည်။

သူမကိုမြင်တော့ နှစ်ယောက်သားထရပ်ကြ၏။

“ အစ်ကိုကျိုး .. အစ်ကိုရွှီ .. ကျွန်မအိမ်ကိုပြန်ပြီး မေမေ့အတွက် နေ့လယ်စာပြင်ဖို့လေးရှိလို့ .. ဒီမှာစိတ်ချရအောင် စောင့်ပေးကြပါဦးနော် ”
လုမန် အားနာစွာဖြင့် ပြောလိုက်ရ၏။

“ ဘာမှအားနာနေစရာမလိုဘူး နာမည်ပဲခေါ်ပါ ”
ကျိုးချန်က ချက်ချင်းပြောလိုက်သည်။ သူဟာ လုမန်က အစ်ကိုကျိုး ဟု တယဥ်တကျေးတပ်ခေါ်ရလောက်သည့်လူ မဟုတ်။

ဟန်ကျိုးလီက ဘာအတွက်ကြောင့်ပဲ သူတို့ကို ချန်ထားရစ်ခဲ့ပါစေ ဟန်ကျိုးလီမျက်ဝန်းထဲမှာ လုမန် အရေးပါသည်က ထင်ရှားနေပေ၏။

ထို့ပြင် ကျိုးချန်နှင့် ရွှီဟွေ့ နှစ်ဦးစလုံးသည် ဟန်ကျိုးလီလက်အောက်တွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေခဲ့သည့်တိုင် မည်သည့်မိန်းမကိုမျှ ဟန်ကျိုးလီ တစ်ခါထက်ပိုကြည့်သည်ကိုတော့ မမြင်မတွေ့ခဲ့ရဖူးချေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now