71

4K 446 9
                                    

အခန်း [ ၇၁ ]

ခဏအကြာတွင် အနက်ရောင် Bentley Mulsanne တစ်စီး သူ့ရှေ့မှာ ထိုးရပ်သွားသည်။

ကျိုးချန် ဟိုသည် ဝေ့ဝဲကြည့်ပြီးမှ သူခိုးဂျပိုးလို ခိုးကြောင်ခိုးဝှက်နဲ့ လမ်းလျှောက်ကာ ကားထဲသို့  သွက်သွက်ဝင်လိုက်သည်။ 

“ ရှောင်ချန် သခင်လေး မလာဘူးလား ”
လက်ထဲက နေ့လယ်စာဘူးနှစ်ဘူးကို တင်းတင်းပွေ့ပိုက်ထားရင်း ကျိုးချန်က မေး၏။

“ ဟီး ဟီး .. အတင်းပိုက်မထားစမ်းပါနဲ့ဗျာ .. အဲ့ဒါတွေ ကျွန်တော့်ကိုသာ ပေးလိုက်တော့ .. သခင်လေးက အလုပ်မအားလို့ မလာနိုင်ဘူး .. ဒါပေမဲ့ နေ့လယ်စာဘူးတွေတော့ ကျွန်တော့်ကို ပေးလိုက်ရမယ် ”

ကျိုးချန်သည် ထိုနေ့လယ်စာဘူးတွေနှင့် မခွဲနိုင်သဖြင့် နှမြောတွန့်တိုစွာ ထိကိုင်လျက် ရှိသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ဆေးရုံမှာ စောင့်ပေးရင်း လုမန်ကြောင့် သူတို့ပါးစပ်တွေ အကြိုက်ပြောင်းကုန်သည်။ အပြင်စာတွေပါဆယ်ဆွဲစားချင်စိတ်များ ပျောက်ဆုံးလေ၏။  

အဲ့ဒါ ပါးစပ်ဖွာတဲ့ ရွှီဟွေ့ကြောင့် .. လုမန် ကိုယ်တိုင် စားသောက်စရာတွေ ပြင်ဆင်ပေးတဲ့အကြောင်း သခင်လေးကို အဲ့ဒီကောင် ပြောလိုက်လို့ ဒါတွေဖြစ်ကုန်တာပဲ။

သခင်လေးက သူကိုယ်တိုင် မလာနိုင်လျှင်တောင် ရှောင်ချန်ကို လူစားလွှတ်ယူခိုင်းသည်။

“ သခင်လေးတစ်ယောက်တည်းနှစ်ဘူးလုံးမစားနိုင်ပါဘူးကွာ .. တစ်ဘူးပဲ ပေးလိုက် ”

“ အဲ့ဒါ ခင်ဗျားကိုယ်တိုင်သွားပြောလေ ”
ရှောင်ချန်က မျက်ဝန်းတွေကို မှေးကျဥ်းပစ်၏။

ကျိုးချန် ပါးစပ်ပိတ်သွားသည်။

ပြောလို့ရရင် ပြောပစ်လိုက်တာကြာပြီပေါ့..

ရှောင်ချန် စကားပြောရင်း အချိန်ဖြုန်းမနေဘဲ ကျိုးချန်ဆီက နေ့လယ်စာဘူးနှစ်ဘူးကို မြန်မြန် ယူလိုက်သည်။ ပြီးတော့ တခြားထမင်းဘူးနှစ်ဘူးကို ​ပြန်ထည့်ပေး၏။

ဘူးတွေကို ကျိုးချန် တစ်ချက်ပဲ ကြည့်လိုက်ပြီး ဟန်ကျိုးလီရဲ့ ဉာဏ်လီဉာဏ်နက်များပုံကြောင့် အထင်ကြီးသွားမိသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now