57

4K 504 0
                                    

(Unicode)

၅၇။ [ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်အောင်မလုပ်သင့်ပါဘူး ]

ဒီလိုတွေချုပ်နှောင်ထားပြီဆိုမှတော့ လုမန် စိုးရိမ်မနေတော့ပေ။ ရှချင်းဝေကို သက်သောင့်သက်သာနားခိုင်းပြီးမှ တံခါးဝသို့ ပြန်လျှောက်ခဲ့လိုက်၏။

“ ရှင်တို့က ”

“ တို့က ကျိုးချန်ပါ၊ သူက ရွှီဟွေ့ တဲ့..၊ မင်းကို စောင့်ရှောက်ဖို့အတွက် သခင်လေးဟန်က လွှတ်လိုက်တာပါ .. တချို့တွေလက်မလျှော့ဘဲ ဒီကိုလာပြီး ပြဿနာတွေထပ်ဖန်တီးမှာကို သခင်လေးဟန်က စိုးရိမ်နေရှာတာလေ..”
လုမန် မေးလိုက်တော့ ကျိုးချန်ဆိုသည့် တစ်ယောက်က ဖြေလာခဲ့၏။

ဟန်ကျိုးလီလူတွေဆိုတာနှင့် လုချီယွမ်မှာ အသက်ကို ခက်ခက်ခဲခဲကြီး ရှုလိုက်ရကာ ခေါင်းထဲမှာလည်း သတိပေးသံတွေမြည်ဟိန်းသွား၏။

လုမန်တောင်မှ အံ့သြရပါသည်။
ဟန်ကျိုးလီကဘာတွေလုပ်နေပြန်တာလဲ?

သူမကို စောင့်ရှောက်ကာကွယ်ဖို့အတွက်နဲ့ လူနှစ်ယောက်ချန်ခဲ့တယ်တဲ့လား! နှစ်ကြိမ်ကူညီပြီးဖြစ်ရင်တောင် ဟန်ကျိုးလီက အကြောင်းမဲ့ တစ်ပါးသူကို ကူညီတတ်သည့် စေတနာရှင်ကြီးလို့တော့ လုမန် မယုံကြည်နိုင်ပါ။

ပြီးတော့ အတိတ်ဘဝမှာ ကြားသိခဲ့ရသည့် ဟန်ကျိုးလီနဲ့ပတ်သက်သော ကောလာဟလပေါင်းစုံထဲမှာ သူ ကြင်နာသဘောကောင်းသည်ဆိုတာမျိုးလည်း မရှိခဲ့ပေ။

သို့ရာတွင် အခု ဒီလူနှစ်ဦးက ကာကွယ်စောင့်ရှောက်ပေးနေသည့်အတွက် သူမစိတ်အေးသွားရတာတော့အမှန်ပင်။

အနည်းဆုံးတော့ ခုလိုအချိန်အခါမျိုးမှာ လုချီယွမ်က လူနာဆောင်ထဲကိုဝင်ပြီး ရှချင်းဝေကိုနှောင့်ယှက်လို့ရတော့မှာမဟုတ်ဘူး..

“ ကျေးဇူးတင်ပါတယ်ရှင် ရှင်တို့ရှိနေလို့သာပဲ.. သူ့ကို မောင်းထုတ်ပေးလို့ကော ရမလားဟင်၊ ဒီက မကြိုဆိုချင်တဲ့ဧည့်သည်ဖြစ်နေလို့ပါ ”

“ ရပါတယ် ”
ကျိုးချန်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် လုချီယွမ့်လက်ကောက်ဝတ်ကို လိမ်ပစ်လိုက်သည်။ ပြီးတော့ ရွှီဟွေ့နှင့်အတူ တစ်ဖက်တစ်ချက်စီမှာနေလျက် လုချီယွမ်ကို ဆွဲထုတ်သွားကြ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now