100

3.3K 323 4
                                    

Unicode :

အခန်း [ ၁၀၀ ]

“ ငါပြောတာဘာမှားလို့လဲ .. ကုမ္ပဏီမှာ ကြိုက်တဲ့သူကို သွားမေးကြည့်လိုက် .. တက္ကသိုလ်ကောင်းကောင်းကနေ ဘွဲ့မရထားတာ ဘယ်သူလဲ .. ဘွဲ့မရတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်! သူ မလာခင်တုန်းက တို့ဌာနက ဆက်ဆံရေးဆို ပြေပြစ်နေတာပဲ .. ခု သူ ရောက်တာဖြင့် တစ်ရက်ပဲ ရှိသေးတယ် .. ငါတို့တွေ အချင်းချင်း စကားများတဲ့ အ​ဆင့်အထိ ရောက်ကုန်ပြီ! ”
ရှမုံ့ရွှမ်း မေးကြောတွေတင်းနေအောင် အံကြိတ်ထားမိသည်။ လုမန် .. အယုတ်တမာမ!

“ အဟက်.. လုမန်က ဘာမှ​မပြောရသေးပါဘူး။ နင်ပဲ ဇွတ်ကြီး သူများကို စော်ကားမော်ကားတွေပြောဆိုနေတာ .. နင် အဲ့ဒီလိုလုပ်နေတာတွေကို ငါ ဒီတိုင်း ကြည့်မနေနိုင်တော့ဘူး .. တကယ်ဆို သူနဲ့ ဘာမှမဆိုင်တဲ့ကိစ္စ ”

“ ကဲ .. နှစ်ယောက်လုံး တော်ကြတော့ကွာ ”
အစ်ကိုကျန်းမျက်နှာ မဲမှောင်နေသည်။
“ ခုအနေအထားမှာ မှားတဲ့သူက ငါတို့ပဲ .. ငါတို့ လုမန်ကို မသိလို့ သတိလေးထားပြီးနေတာက ပြဿနာမရှိဘူး .. သူ့ကာရိုက်တာကို နားလည်အောင် ဦးဆုံး ခပ်လှမ်းလှမ်းကနေပြီး ရက်ပိုင်းလောက် လေ့လာကြည့်လို့ ရတယ်.. ဒါပေမယ့် သက်သေမရှိဘဲ သူ့အကြောင်းတွေကို လျှောက်ပြောနေတာကကျ မမှန်ကန်တော့ဘူး .. အဲ့တော့ အခုကစပြီး သက်သေမရှိဘဲ သူ့အကြောင်းကို ထင်သလိုတွေ စွတ်မပြောသင့်ဘူး ”

ချန်ရှီးမြန် ရှမုံ့ရွှမ်းကို သရော်သလို ကြည့်ပြီး နေရာမှာ သွားပြန်ထိုင်လိုက်သည်။

ရှမုံ့ရွှမ်းက ထိုင်ခုံပေါ်မှာထိုင်ပြီး မျက်ရည်စက်လက်ကျနေ၏။

ဒါပေမယ့် ချန်ရှီးမြန် နည်းနည်းမှ မသနားပါ။
သူ့ကိုယ်သူ မင်းသမီးထင်နေလား မသိ..

ရောက်ရောက်ချင်း ဆောက်နဲ့အထွင်းခံလိုက်ရသလို အကြဉ်ခံရတဲ့ လုမန်က မျက်နှာတစ်ချက် မပျက်ရဘဲ သူများရဲ့မကောင်းကြောင်းပြောလို့ အဆူခံရတဲ့ ရှမုံ့ရွှမ်းက မျက်ရည်တတောက်တောက်ကျလို့ပါလား ..

သင်းက သနားစရာကောင်းအောင် ငိုပြနေတော့ ကျောက်ယီလင်းနဲ့မမလိက သွားချော့ကြသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now