4

7.4K 920 20
                                    

Unicode

အခန်း ၄) အရင်ဘဝက အရူးတွေ​ကျိတ်ကြံလို့ နွံနစ်ခဲ့ရတာ

နှုတ်ခမ်းတွေကို ဖိကပ်ပြီးတာနှင့် ရှေ့ဆက်တိုးမည်ဟု ဆုံးဖြတ်ချက်ချပြီး ပြင်သစ်အနမ်းတစ်ခုကို ဖန်တီးလိုက်သည်။

နောက်ဆုံး နှုတ်ခမ်းတွေခွာတော့ သူမနှလုံးက အကျယ်ကြီးခုန်နေသလို မျက်နှာတွေလည်း နီတွတ်နေကာ. .၊

မျက်လွှာချရင်း ဟန်ကျိုးလီကို ခိုးကြည့်မိတော့ သူ့မျက်လုံးတွေလည်း မည်းမှောင်နေသည်။

လုမန် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တာမို့ ဟန်ကျိုးလီရဲ့နှုတ်ခမ်းတွေကို သပ်လိုက်မိကာ. .၊

သူ့မျက်လုံးတွေကျဥ်းမြောင်းသွားတာ​နှင့်အမျှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကိုလည်း ခံစားမိလိုက်သည်။

နဂိုက ဘေးမှာချထားသော သူ့လက်တွေက ခါးပေါ်ရုတ်တရက်ရောက်လာကာ. .၊

သူထိလိုက်တာနှင့် တဘက်တစ်ထည်အပြင် သူမ ဘာမှမဝတ်ထားကြောင်း သေချာသိလိုက်သည်။

ဒီမိန်းမ ဘာလုပ်ချင်တာလဲ၊

သို့ပေမယ့် အပြင်က အော်သံကြောင့် ဟန်ကျိုးလီမှာ အတည်ပြုချိန် မရလိုက်။
“ လုမန်!! ”

ဟန်ကျိုးလီကို လွှတ်ပေးစေချင်လို့ လှည့်ကြည့်လိုက်ပေမယ့် ဟန်ကျိုးလီ လွှတ်မပေးတာက အံ့သြစရာ။ 

သူ့လက်ဖဝါးသည် သူမခါးကို ဖိကိုင်ထားဆဲ၊ စောစောက မသိပေမယ့် အခု မီးပူနှင့်တိုက်နေသလို ခါးက တော်တော်ပူလာသည်။

လုမန်ခေါင်းမော့လိုက်တော့ ဟဲကျိန့်ပိုင်၏ ဒေါသအကြည့်နှင့် ပက်ပင်းတိုးကာ. .၊
“ လုမန် ဒါ ဘာအဓိပ္ပာယ်လဲ၊ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ ”

လုမန်က ခေါင်းမော့လျက်နှင့်. .၊
“ ငါက ဘာလို့ ဒီမှာ ရှိနေရမှာလဲ၊ နင် နားမလည်ဘူးလား ”

ဒီလောက်ဆို သူမ ဘာလို့ ဒီမှာ ရှိနေရသလဲ ဟဲကျိန့်ပိုင် နားလည်နိုင်ပြီ။

သူတို့နှစ်ယောက်လုံး ဟန်ကျိုးလီနှင့်လုမန်က တဘက်တစ်ထည်သာ ပတ်ထားကြသည်။ တခြားဘာလုပ်စရာရှိဦးမှာလဲ. .၊ 

ထိုမှစခဲ့သော အချစ်များစွာသည် जहाँ कहानियाँ रहती हैं। अभी खोजें