37

6.1K 740 7
                                    

Unicode

အခန်း ၃၇ ) အရှက်ကိုမရှိဘူး

ထိုအချိန်တွင် အစောင့်များစွာသည် တံခါးဝသို့ရောက်ရှိလာပြီး အသည်းအသန် အကာအကွယ်ပေးလိုက်သည်။ 

သို့သော် တံခါးပေါ်ရှိ ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် ရှချင်းဝေတစ်ယောက် အရာအားလုံးကို မြင်တွေ့နိုင်ပေသည်။

“ မဖြစ်ဘူး ငါသွားကြည့်မှပဲ.. ”
ရှချင်းဝေ စိတ်ပူမိသည်။ Drip ချိတ်ထားတာကို လျစ်လျူရှုလိုက်ရင်း သူမ ခုတင်ပေါ်ကနေဆင်းလိုက်၏။

သို့ပေမယ့် အန်တီချိုင်က သူမကိုအမြန်တားကာပြောလိုက်သည်။
“ ရှင် မသွားသင့်ဘူး။ အစ်ကိုဝူ သွားလိမ့်မယ်။ အခု ရှင်က Drip ချိတ်နေရင်းတန်းလန်းမို့လို့ သွားလို့အဆင်မပြေဘူး။ ပြီးတော့ အစ်ကိုဝူက ယောက်ျားသားမို့ တစ်ခုခုဖြစ်ရင် ဝင်ထိန်းလို့တော်သေးတယ် ”

အန်တီချိုင်က ရှချင်းဝေနှင့် ပလဲနံပသင့်သည်ဟု  ခံစားမိသည်။

များသောအားဖြင့် ရှချင်းဝေနှင့် လုမန်တို့၏ ပြောစကားများမှတစ်ဆင့် သူတို့မှာအခက်အခဲတွေရှိနေကြသည်ကို သူမ သိနိုင်ပေသည်။ ထို့ပြင် ရှချင်းဝေဆေးရုံတက်သည့်အချိန်မှစ၍ ဝန်ထုပ်အားလုံးသည် လုမန်တစ်ယောက်တည်းအပေါ်ကျရောက်သွားခဲ့လေ၏။

သို့သော်ငြားလည်း ထိုသားအမိသည် လုံးဝ အရှုံးပေးခြင်း မရှိ။ အခက်အခဲများကို ရဲရင့်စွာ ဆက်လက်ရင်ဆိုင်နေခဲ့ကြသည်။ 

သူတို့တွေမှာ အခက်အခဲတွေနှင့်ပတ်သက်ပြီး ညည်းညူခြင်း မရှိသည့်အပြင် စိတ်ဆင်းရဲစရာတွေကြုံရလည်း တုန်လှုပ်ခြင်း မရှိပါပေ။ သူတို့နှင့် တွေ့ဆုံမိသူတိုင်းကို ဆင်းရဲဒုက္ခကြီးသည့်အကြောင်း​ တဖွဖွပြော၍ ငိုကြွေးခြင်းလဲ မရှိ။ ပြေလည်နေသူတွေကို မြင်လျှင်တောင် မနာလိုဝန်တိုခြင်း မရှိဘဲ သူတို့ကိုယ်သူတို့သာ အလုပ်ကြိုးစားဖို့ ပြောမည့်သူများဖြစ်သည်။

အားကိုးရမည့်သူ မရှိပေမည့် မှန်သောလမ်းမှ  သွေဖည်သွားခြင်း မရှိပေ။

ထို့ပြင် ရှချင်းဝေသည် တစ်ခုလပ်ဖြစ်ပေမယ့် အရွယ်ရှိသေးသည်။ ​လှပကြော့ရှင်းသော သူမသည် ဆန္ဒရှိပါက မှီခိုအားကိုးဖို့ ယောက်ျားတစ်ယောက်ကို အလွယ်လေး ရှာလို့ရပေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် حيث تعيش القصص. اكتشف الآن