43

5.8K 757 10
                                    

《Unicode》

အခန်း ၄၃ ) ပြီးခဲ့တဲ့တစ်ခေါက်က ကိုယ်ပြောခဲ့တာကို မှတ်မိလား

ရှချင်းယန်၏ ယုံကြည်စိတ်ချမှုကြောင့် လုချီယွမ်မျက်နှာညင်သာလာသည်။

“ ရှောင်မန်! ”
ထိုအချိန်မှာပဲ ထန်းကျိက အခြားလူတွေနှင့်အတူ ပြေးဝင်လာကာ ဟန်ကျိုးလီပွေ့ဖက်ထားသည့် လုမန်ကိုမြင်ပြီး ခေတ္တကြက်သေသေသွားရ၏။

ထို့ပြင် လုမန်ရှေ့က ကိုယ်ရံတော်တပ်ဖွဲ့ကိုမြင်လိုက်ရလျှင်... ကြည့်ရတာ သူက အသုံးမဝင်တော့ဘူးထင်ပါ့. .။

“ ရှောင်မန် ဘာဖြစ်သွားသေးလဲ ရရဲ့လား ”
ထန်းကျိက စိုးရိမ်စိတ်ပူစွာနှင့် မေးလာသည်။ 

ဟန်ကျိုးလီ မျက်ခုံးပင့်လိုက်၏။

လုမန် ခေါင်းခါလိုက်ကာ..
“ ရသွားပါပြီ သခင်လေးဟန်ကျေးဇူးနဲ့ ”

ပြောပြီးတာနှင့် ထန်းကျိဆီသွားဖို့ပြင်လိုက်ကာ၊

လှုပ်ရုံရှိသေး .. ခါးက လက်သည် တင်းကျပ်သွားလေ၏။ ဟန်ကျိုးလီက သူမခါးကို ဆွဲဖက်လို့ သူ့ရင်ခွင်ထဲရောက်အောင် ဆွဲသွင်းနေသည်။

လုမန် : “…”

ထန်းကျိ : “…”

ဘယ်တုန်းက ဒီလောက်ထိ ဟန်ကျိုးလီနဲ့ နီးစပ်သွားရသလဲ လုမန်ပင် မသိပါ။

ထန်းကျိကို အားတုံ့အားနာစွာဖြင့် လှမ်းပြုံးပြရုံပဲ တတ်နိုင်၏။

“ ဖအေဖြစ်ပြီး သူငယ်ချင်းတွေလောက်တောင် မကောင်းပါလား ဘယ်လိုအဖေမျိုးလဲဟ!! ”
သူတို့အခြေအနေကိုကြည့်ပြီး ဘေးလူတွေက ဝေဖန်ကြသည်။

လူတိုင်းပြောနေတာတွေက လုချီယွမ်ကို စိတ်ဖိစီးစေသဖြင့် သူက ဒီမှာမနေချင်တော့၍ ရှချင်းယန်ကို ဆွဲခေါ်ကာ ထွက်သွားလိုက်၏။

လုမန် လူအုပ်ထဲကိုလှမ်းကြည့်လိုက်တော့ ဦးထုပ်နဲ့မက်စ်တပ်ပြီး ရုပ်ဖျက်ထားသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရကာ လုချီယွမ်နဲ့ ရှချင်းယန် ထွက်သွားတော့ ထိုပုဂ္ဂိုလ်ကလည်း ထွက်သွားသည်။ 

ဒီအရိပ်လေးကို လုမန် သိပ်ရင်းနှီးနေပါ၏။

နှစ်ဘဝလုံး မှတ်မိနေသည့် လူ, သူတို့မျက်နှာတွေကိုဖုံးကာထားရင်တောင် လုမန် မှတ်မိနေဦးမှာပါ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now