13

6.4K 714 2
                                    

Unicode


အခန်း ၁၃ ) လုမန် မင်းဘာလို့ရူးကြောင်ကြောင်တွေလျှောက်လုပ်နေတာလဲ!

လုမန် ပစ်ပေါက်လိုက်သည့် ခရီးဆောင်အိတ်ကြောင့် လုချီယွမ်၏ မျက်နှာပင် နီမြန်းသွားပေသည်။

ဒေါသထွက်ထွက်နှင့် သူ လှည့်ကြည့်လိုက်တော့ လုမန်က ​အပြေးရောက်ချလာချေပြီ။

လုချီယွမ် အံ့အားသင့်သွားရ၏။
ဘာလို့ လုမန်က ဒီမှာရှိနေတာလဲ. . 

လုမန် ထောင်ကလွတ်လာမယ့်နေ့ကို သူ လုံးဝ မေ့သွားတာဖြစ်သည်။ သူ့ဆီဦးတည်လာနေတယ်ထင်လို့လည်း လုချီယွမ်က မတ်တပ်ထရပ်လိုက်သည်။

သို့သော်လည်း လုမန်က ရုတ်တရက် လုချီဘက်လှည့်သွားကာ လက်ကိုမြှောက်ပြီး ပါးရိုက်ထည့်လိုက်သည်။

လုမန်၏ လုပ်ရပ်တွေက ရုတ်တရက်ဆန်သည်မို့ ဘယ်သူမှ တုံ့ပြန်ချိန်မရလိုက်ကြ။ လုချီဘေးမှာရပ်နေသည့် ဟဲကျိန့်ပိုင်တောင်မှ အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိပေ။ 

လုမန် လုချီယွမ်ဆီဦးတည်လာတာလို့ပဲ သူတို့အားလုံးထင်ထားတာဖြစ်သည်။

သို့ပေမယ့် အနားရောက်မှ လုချီဘက်သို့ ဦးတည်သွားခဲ့၏။

လုမန်ရိုက်ပစ်လိုက်သည့် အားကြောင့် လုချီမှာ  လဲပြိုသွားလျက်။ 

ဟဲကျိန့်ပိုင်က သူမကို စိန်းစိန်းဝါးဝါးကြည့်ပြီး လုချီကို အပြေးလှမ်းထိန်းသည်။ 
“ လုမန် မင်း ဘာလို့ရူးကြောင်ကြောင်တွေလျှောက်လုပ်နေတာလဲ  ”

သို့သော်လည်း လုမန်ကတော့ သူ့ကို တစ်ချက်ကလေးပင် မကြည့်ဘဲ လုချီ သေချာ ထိန်းသိမ်းထားသည့် ဆံပင်အရှည်ကြီးကို ဆွဲဆောင့်လိုက်သည်။

ထောင်ထဲမှာဘာတွေသင်ယူခဲ့ရသလဲ ပြောပါဆိုလျှင် သတ်နည်းပုတ်နည်းတွေကို ပြောရပေလိမ့်မည်။ 

ထောင်ထဲမှာ မိန်းမတွေသတ်ကြပုတ်ကြတဲ့အခါ စွဲမက်စရာမကောင်းပေမယ့် ထိချက်တိုင်းက သေအောင်နာသည်။

တစ်ထောင်လုံးလည်း မိန်းမတွေအပြည့်မို့လို့ မိန်းမတွေကိုဘယ်လိုကိုင်တွယ်ရမလဲ တစ်ဖက်မိန်းမသား မခုခံသာအောင် ဘယ်လိုရိုက်ပုတ်ပစ်ရမလဲ ဆိုတာနှင့်ပတ်သက်၍ အထာနပ်ပြီးသား ဖြစ်သည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now