3

7.9K 941 19
                                    

Unicode

အခန်း ၃) နှောင့်ယှက်သင့်ရင် နှောင့်ယှက်ရမယ်လေ

အဟက် . . ၁၀ ယွမ်တဲ့လေ၊ ဒီလူက သူမကို သူတောင်းစားပမာ စွန့်ပစ်ဖို့ ကြိုးပမ်းခဲ့ဖူးသည်။

ဟဲကျိန့်ပိုင်ဆိုတာ မဟာ လုံချင်းကော်ပိုရှေးရှင်းရဲ့ဒုသခင်လေးဖြစ်သလို ပါရမီရှိသော ပရိုဂျူဆာတစ်ယောက်လည်းဖြစ်၊ အကောင်းဆုံးသရုပ်ဆောင်တစ်ယောက်လို့လည်း ဆိုနိုင်ကာ၊ သူ့လိုလူက ပိုက်ဆံအိတ်ထဲကအကြွေ ၁၀ယွမ်ကို ရအောင်ရှာခဲ့သည်လေ။ ဒါ သူ့အတွက် တော်တော် ခက်ခဲမှာပဲ. . .။

သို့သော် တိကျသော အချိန်တွင် ဟိုတယ်ခန်း၏ တံခါးဘဲလ်အသံမြည်လာသည်။

ဟန်ကျိုးလီ ခေါင်းလှည့်ကြည့်လိုက်တော့ သူမအောက်မေးရိုးကိုဖျစ်ထားသည့် သူ့လက်က မရည်ရွယ်ဘဲ ပြေလျော့သွားခဲ့၏။

လုမန်က ဒါကို အခွင့်ကောင်းယူကာ သူ့လက်ကိုတွန်းပစ်၍ အနားက ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။

ရေချိုးခန်းတံခါးပိတ်သံတစ်ချက်မှာ ဟန်ကျိုးလီ၏ မျက်လုံးတို့ မှေးကျဥ်းသွားခဲ့၏။

တံခါးဘဲလ်က ဆက်မြည်နေတော့ ပြတင်းပေါက်ကနေ သူမ ဝင်လာခဲ့ပုံ နှင့် ဘေးအခန်းမှာ ပွက်လောရိုက်နေပုံကို တွေးမိပြီး ဟက်ခနဲ တစ်ချက်ရယ်မိကာ တံခါးသွားဖွင့်ပေးလိုက်သည်။

အပြင်မှာတော့ ရဲသားနှစ်ယောက်၊ ဟိုတယ်မန်နေဂျာ၊ ဟိုတယ်ဝန်ထမ်းတစ်ဦး နှင့် သူ မသိသော ယောက်ျား မိန်းမတို့ရှိနေကာ. .၊ 

ရှေ့ကလူကိုမြင်ပြီး ဟဲကျိန့်ပိုင်က အံ့အားသင့်သွားသည်။ လုချီကလည်း အံ့အားသင့်နေကာ ဘာ့ကြောင့်မှန်းမသိ သူတို့တွေ ဟန်ကျိုးလီနှင့် ဒီမှာလာတွေ့နေသည်။

ဘေးအခန်းမှာ ဟန်ကျိုးလီရှိနေမယ်လို့ ဘယ်သူမှ မထင်ထားမိကြ. .၊

စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့လွှမ်းခြုံကာ လုချီမှာ အသက်ရှူမမှန်ချင်တော့။

“ သခင်လေးဟန်ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ”
မန်နေဂျာက ပြောလိုက်သည်။
“ ဟိုဘက်ခန်းက ဧည့်သည်က ဒဏ်ရာပြင်းပြင်းရသွားလို့ပါ၊ သံသယရှိသူက မကြာသေးခင်လေးကပဲ ထွက်ပြေးသွားတာဖြစ်ဖို့များပါတယ်၊ ဒါကြောင့် မေးပါရစေ . . မသင်္ကာတဲ့လူ တစ်ယောက်တစ်လေကိုများ တွေ့မိလိုက်သေးလား  ”

ထိုမှစခဲ့သော အချစ်များစွာသည် Donde viven las historias. Descúbrelo ahora