108

2.4K 234 3
                                    

အခန်း [ ၁၀၈ ]

" ဒါကတော့ သူ့ဟာနဲ့သူ တစ်ဖက်သတ်ကြီး ခေါ်လို့ရတယ်လို့ ထင်နေတာလေ၊ ကိုယ် ပြန်ထူးတာ မင်း ကြားလို့လား "
ဟန်ကျိုးလီသည် တောင့်တင်းသန်မာသော လက်ဖျံနှစ်ဖက်ကို ချဲထိုင်ထားသော ခြေတံရှည်တွေပေါ်မှာ မှေးတင်ယှက်ထားလိုက်ပြီးမှ ကိုယ်ကို ရှေ့သို့ ညွတ်၏။

အလယ်မှာ စားပွဲပုလေးခြားနေပေမယ့် လုမန် ရင်ထဲမှာတော့ ဗြောင်းဆန်နေသည်။

ဟန်ကျိုးလီက သူ့ဘာသာ စားပွဲနားနီးအောင် ခါးကိုင်း တိုးလိုက်တာပေမယ့် သူမကတော့ လူချင်းအရမ်းနီးသွားသလို ခံစားနေရ၏။

စိတ်တွေလည်း ရှုပ်ထွေးနောက်ကျိနေသည့်တိုင် ဟန်ကျိုးလီပြောတာကို ဖြည်းဖြည်းချင်း စဥ်းစားကြည့်လိုက်တော့ သိုက်ယီးရန်ခေါ်တာကို သူ လုံးဝ ပြန်မထူးခဲ့သည့်ပုံပင်။

" ဘယ့်နှယ်လဲ ကိုယ် ထူးမထူးသိရအောင် မင်းခေါ်ကြည့်ပါလား "
ဟန်ကျိုးလီက အသံကို နှိမ့်ချပြီး ပြောသည်။

လူကို ဖြားယောင်းမြှူဆွယ်နေသလို အက်ရှရှအသံကြောင့် လုမန် ကတုန်ကယင်ဖြစ်လာကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းလေးတွေ ထိုးထိုးထောင်ထောင် ထလာတော့၏။

ခြေထောက်တွေ နုံးချည့်ပျော့ခွေလာခဲ့ခြင်းဟာ ဟန်ကျိုးလီရဲ့အသံကြောင့်လား..

ဒါပေမယ့် အသံနှင့်နှိုင်းယှဥ်ရလျှင် သူ့မျက်နှာကတော့ အတော် လေးနက်တည်ကြည်နေ၏။

မဟုတ်ရင် သဘောရှိ ကရောဟိ လာလုပ်နေသလားလို့ တွေးမိမည်ပင်။

ပါးစပ်ကလေးပြင်လိုက်ပေမယ့် လုမန် အသံတိတ်နေခဲ့မိ၏။ အတော်ကြာမှ..
" ကုမ္ပဏီမှာ မသင့်တော်ဘူးမို့လား "

" လူမြင်ကွင်းမှာမို့လို့ သူဌေးလို့ ခေါ်တာက ကိစ္စမရှိဘူး "

ဟန်ကျိုးလီ ​ပြောလိုက်သည်။ တကယ်တော့ လူမြင်ကွင်းမှာ အစ်ကိုဟန်လို့ ခေါ်စေချင်တာပါ။ ဒါပေမယ့် လုမန် ဘယ်တော့မှ မခေါ်မှာကိုလည်း သိနေသည်။

" ကိုယ်တို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့ ဒီလောက်ခပ်တန်းတန်းနေဖို့ မလိုပါဘူး၊ ဟုတ်တယ်မို့လား "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now