90

4K 440 5
                                    

အခန်း [ ၉၀ ]

လုမန် မျက်နှာလွှဲထားလိုက်မိသည်။
ဟန်ကျိုးလီ ရုတ်တရက်ကြီး တည်ကြည်သွားတော့ အဲ့ဒီမျက်လုံးတွေကို ထပ်မကြည့်ရဲ..

အနှီယောက်ျားဟာ အရင်ဘဝက လေးစားသဘောကျခဲ့ရသော၊ အဝေးကနေ တိုးတိတ်စွာ ငေးခဲ့ရသော အမျိုးသား ပြန်ဖြစ်သွားသလိုပင်။

မတူတာက ဒီဘဝမှာ သူမ ထိုယောက်ျားနှင့် အကျွမ်းတဝင်ရှိနေခဲ့ပြီ ဆိုသည့် အဖြစ်။

ခုလည်း ဓာတ်လှေကားထဲမှာ နှစ်ယောက်တည်းပေမယ့် ဆေးရုံဓာတ်လှေကားက ကျယ်သည်။

ဒါတောင် ဟန်ကျိုးလီရှိနေသဖြင့် ဓာတ်လှေကားသည် ရုတ်တရက်ကြီး ကျဥ်းကျုံ့သွားသလိုလို..

မျက်နှာတွေ ပူထူလာသဖြင့် စိတ်ကိုရှင်းအောင် ခေါင်းတွေယမ်းခါပစ်လိုက်ပြီးမှ
“ အရင်ကဖြစ်ခဲ့တာတွေကို ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားပြီး မေ့ပစ်လိုက်ပါ ”

“ ဟုတ်ပြီ ”
ပြောပြီး အသံတိတ်သွားသည့် ဟန်ကျိုးလီက လုမန်ကို ခေါင်းငုံ့ကြည့်သည်။

အပြင်လောကနှင့် ခြားနေသော ဓာတ်လှေကားအတွင်းဝယ် သူ့အကြိုက်အလိုက် သူနှင့် လုမန် နှစ်ဦးတည်းပဲ ရှိနေသည်။ လုမန်ကိုယ်ပေါ်ကရေမွှေးနံ့သင်းဖျော့ဖျော့လေးသည် ဆေးရုံကပိုးသတ်ဆေးနံ့တွေကို ဟိန်းအုပ်သွားသလိုလို။

ငုံ့ထားသည့် မျက်နှာ​လေးကို ကြည့်ရင်း နီမြန်းနေမှန်း သိလိုက်ရကာ သူ ကြည့်နေလို့လား .. တခြားကြောင့်လားတော့ မသိ။

ဖြူနုသော အသားအရေမှာ ချယ်ရီပွင့်ဖတ်များပမာ ပန်းနုရောင်သန်းနေသေး၏။

သူ့ရှုထောင့်မှဆိုလျှင် ဖြောင့်စင်းသော နှာတံနှင့် အနည်းငယ် ထူပျစ်၍ ပျော့အိသော နှုတ်ခမ်းအစုံကို ရှင်းလင်းစွာ မြင်နေရသည်။

ထိုအရာများအားလုံးက ဟန်ကျိုးလီကို ရင်ခုန်သံမြန်စေကာ လည်ချောင်းသည် စိုစိစိဖြစ်လာ၍ ဖက်နမ်းချင်စိတ်တွေ အုံ့ကြွလာခဲ့ပြန်၏။

အနားကို တိုးသွားပါ .. ဓာတ်လှေကားနံရံနှင့် ကပ်ချုပ်ပါ .. မေ့မေ့မူးမူး နမ်းရှိုက်ပါ .. ဟု ရင်ဘတ်ထဲက တိရစ္ဆာန်က အော်နေလေရဲ့။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now