107

2.4K 244 7
                                    

အခန်း [ ၁၀၇ ]

ဂရုမစိုက်သလိုပြောလိုက်တာကို နားထောင်ပြီး ဟန်ကျိုးလီ ပြုံးတုံ့တုံ့ဖြစ်သွားသည်။
ဒီကောင်မလေး ဘယ်တော့မှ အရှုံးဘက်က ကျန်ခဲ့ရတယ်လို့ကိုမရှိဘူး..

နာရီကို ကြည့်လိုက်ပြီး သိုက်ယီးရန်ကို သွားပို့သော ကျန့်ထျန်းမင်ကို ရုံးခန်းထဲဝင်လာခဲ့ဖို့ ခေါ်သည်။

ထို့ကြောင့် အလုပ်အကြောင်းပြောကြတော့မည် ထင်လိုက်ကာ လုမန် စိတ်ကို ပြင်ဆင်လိုက်၏။

သို့သော် မထင်မှတ်ထားသည့် ဟန်ကျိုးလီ၏ နောက်ဆက်တွဲစကားက ဤကဲ့သို့။
" နေ့လယ်တောင်ရောက်နေပြီ၊ နှစ်ယောက်စားဖို့တစ်ခုခုမှာလိုက်ပါ၊ ငါ ဒီမှာပဲ လုမန်နဲ့စားလိုက်တော့မယ် "

လုမန် တအံ့တဩဖြစ်သွားရကာ..
" ကျွန်မ နေ့လယ်စာစားပြီးမှ ပြန်လာခဲ့ပါမယ်၊ ဘာပဲဖြစ်ဖြစ် အတူတူပဲကို "

" စားစရာမှာတာက ကြာဦးမှာလေ၊ အရင်ဆုံး စကားပြောကြတာပေါ့ "

" ကျွန်မ... "

" လုမန် "

ငြင်းဖို့ ပြင်ဆင်လိုက်သည့် စကားတွေက ကျန့်ထျန်းမင်​ကြောင့် ပြတ်တောက်သွားရ၏။

" သူဌေးက နေ့လယ်စာကို အချိန်မီစားဖို့ သတိရတယ်ဆိုတာရှားတယ်၊ ဒါကြောင့် မင်း မငြင်းလိုက်ပါနဲ့၊ မင်းပြန်သွားရင် အလုပ်တွေဆက်သွားတာနဲ့ သူ နေ့လယ်စာစားတော့မှာမဟုတ်ဘူး "

​ဟန်ကျိုးလီ နေ့လယ်စာ စားခြင်း မစားခြင်းက ဘာဖြစ်လို့ သူမတာဝန်ကြီး ဖြစ်သွားရတာလဲ..

မသိရင် ကိုယ်ကပဲ အရေးပါအရာရောက်နေသလိုလို..

ဒါကို ကျန့်ထျန်းမင်က အလေးအနက်ထားပြောလာတော့ လုမန် ခေါင်းညိတ်လိုက်၏။

ကျန့်ထျန်းမင်က အရင်က သူ့အမှားတွေအတွက် ကျေရာကျေကြောင်း လုပ်ပေးနိုင်ခဲ့ပြီဆိုပြီး သဘောခွေ့နှစ်ခြိုက်စွာနဲ့ စားစရာတွေ သွားမှာတော့သည်။

" ဟန်... "
အရင်ကလို သခင်လေးဟန်ဟု ခေါ်မလို့ပင်။ သို့သော် လက်ရှိမှာ မသင့်လျော်သဖြင့်..
" သူဌေး "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now