63

3.9K 475 0
                                    

၆၃။ [ လုချီနှင့် သူမ၏ စိတ်ကူး ]

သူခိုးမှာ တွေးလေ မုန်းတီးနာကြည်းမိလေဖြစ်ရသည်။ သူမမှန်ပါတယ်..ဒါတွေအားလုံး ရှချင်းယန်ကြောင့်။

ဒါပေမယ့်လည်း သူဟာ သက်သေယူထားဖို့ကို မေ့သွားခဲ့၏။

မတရားတာကိုတော့ ခံစားမိပါသည်။ သူဟာ လူဆိုးပေမယ့် ထိုအမှုကို ပြုရန် ကြိုးကိုင်သူကရော လူကောင်းတစ်ယောက် ဟုတ်ပါရဲ့လား။ ဘာလို့ လူကောင်းလို့ သတ်မှတ်သင့်သလဲ?

ရှချင်းယန်ကလည်း သူနဲ့ ဘာမှမကွာဘူး! သူတို့နှစ်ယောက်လုံး လူဆိုးတွေပဲ!

ရုတ်တရက် လုမန်ကို မော့ကြည့်လိုက်သည့် မျက်ဝန်းတွေမှာ မုန်းတီးခြင်းများစွာဖြင့်..
“ ရှချင်းယန်က လူကောင်းမဟုတ်ရင် မင်းလည်း တူတူပဲ..မင်း ကတိဖျက်ခဲ့တယ်..ငါမင်းကိုခွင့်မလွှတ်ဘူး..သတိထားပြီးတော့သာနေပေတော့! ”

“ ​ဖောင်း! ”
ရွှီဟွေ့က သူခိုးနောက်စေ့ကို ဖြတ်ရိုက်ပစ်သည်။ သူခိုးက ချက်ချင်း မူးဝေပြာနှောက်သွား၏။
“ ဘာကိုစိုက်ကြည့်နေတာလဲ! ”

အစကတော့ ရှချင်းယန်ဖြစ်ကြောင်း အတည်ပြုလို့ရတာနှင့် လုမန် ဤလူဆိုးကောင်ကို လွှတ်ပေးလိုက်မှာပဲလို့ သူ ထင်ခဲ့မိခြင်းပင်။

သို့ပေမယ့် ခု သူမက ရဲခေါ်ပစ်သည်။ လုမန် ကတိဖျက်မယ်လို့ ရွှီဟွေ့ မထင်ထားမိပေမယ့် တကယ်တမ်း သူဟာ ပိုလို့ပင် ပျော်နေမိ၏။

သခင်လေးဟန်ကြိုက်သည့် မိန်းမတစ်ယောက်ကို သူ လျှော့မတွက်ထားဝံ့ပေ။ သူမသည် အမှားအမှန်ကို ခွဲခြားသိမြင်တတ်ကာ အခြေအနေအလိုက် ကိုင်တွယ်ဖြေရှင်းသွားနိုင်သည်။ 

တစ်ခဏအတွင်း ရဲတွေရောက်လာခဲ့၏။

လုမန်က ဖြစ်ကြောင်းကုန်စင်ကို အကျဥ်းရုံး ရှင်းပြလိုက်သည်။ ရဲတွေက အရိုက်ခံထားရ၍ ဖူးရောင်စုတ်ပြဲလျက်ရှိသော သူခိုး၏ မျက်နှာကို တွေ့ပြီး နှုတ်ခမ်းတွေစုဝိုင်းသွားသည်။ 

“ နာမည်​ဘယ်လိုခေါ်လဲ ”

“ လျိုမူစန်း ”

ရဲက မေးလိုက်ချိန်တွင် သူခိုးက တိုးတိုးရွေရွတ်လိုက်ပေမည့် လုမန် ပြတ်သားစွာ ကြားလိုက်ရ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now