22

6.2K 806 14
                                    

Unicode

အခန်း ၂၂ ) ဒီလူဟာ အပြောင်းအလဲမြန်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူ

" ဘာဖြစ်လဲ လုပ်ရင် လုပ်တယ်ပေါ့။ ငါကတော့ လုချီအတွက် အစားခံပေးမှာ မဟုတ်ဘူး "
လုမန်က ပြောလိုက်သည်။

" နင်သွားရမယ်! နင့်ညီမလေးက အခုချိန်မှာ တောက်ပတဲ့အနာဂတ်နဲ့ လူသိများတဲ့ အနုပညာရှင်ဖြစ်နေပြီ။ ဒီလိုကိစ္စလေးအတွက်နဲ့ နာမည်ပျက်ခံလို့မဖြစ်ဘူး "
လုချီယွမ်က ကြမ်းကြမ်းတမ်းတမ်း ဝင်ပြောသည်။

လုမန် မနာတတ်တော့ဘူး ထုံထိုင်းနေပြီကိုး...

မျက်စိရှေ့ကသူတွေအားလုံးဟာ စစ်မှန်သောမိသားစုဝင်တွေ မဟုတ်ပေ။

သူတို့တွေက ဆွေမျိုးတွေပဲ၊ သွေးတော်လို့သာ ငြင်းခွင့်မရှိတဲ့ လူတွေ။ သူမရဲ့မိသားစုဝင်တွေ မဟုတ်ပါ။

" ဒီတော့ ကျွန်မရဲ့အနာဂတ်ပျက်စီးသွားလည်း အရေးမကြီးဘူးပေါ့ ဟုတ်လား "
လုမန် ထေ့ငေါ့​၍ မေးလိုက်သည်။

မူလက လုချီယွမ်သည် အပြစ်ရှိစိတ်ဝင်မိပါ၏။ သို့သော် လုမန်ကို ကြည့်လိုက်ရင် မေ့ပျောက်ချင်သည့် အတိတ်ကို သတိရသည်။ လုချီကို လူပုံအလယ်မှာ သမီးပါလို့ ထုတ်မပြောနိုင်ခဲ့ပုံတွေပြန်တွေးမိလျှင် အပြစ်ရှိစိတ်က ပျက်သုဥ်းသွားသည်။

" နင်က လက်ထောက်လေ၊ ရှေ့မှာကြီးကြီးမားမားအနာဂတ်ရယ်လို့ရှိတာမဟုတ်ဘူး၊ အဆိုးဆုံးတွေဖြစ်လာရင်တောင် နင်က ထောင်ကလွတ်လာရင် ချီချီ့လက်ထောက်ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်လက်မဲ့ဖြစ်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် ချီချီကတော့ မတူဘူး။ သူ့မှာ တောက်ပတဲ့အနာဂတ်ရှိတယ်။ အလုပ်ကလည်း အောင်မြင်နေတာ၊ ပြီးတော့ အနုပညာအသိုင်းအဝိုင်းမှာက အပြိုင်အဆိုင်တွေ သိပ်ပြင်းတာ၊ အစားထိုးတာတွေကလည်း မြန်ပေါ့။ သူ ခဏလောက် ပျောက်သွားရင်တောင် သူ့နေရာမှာ တခြားသူ အစားဝင်လာလိမ့်မယ်။ ထောင်ကျမယ်ဆိုရင် ပြောမနေတော့နဲ့ သူ့ရာဇဝင်မှာ တစ်သက်လုံး အမည်းစက်ကြီး ထင်သွားမှာ။ ထောင်ကလွတ်ရင်လည်း အနုပညာအသိုင်းအဝိုင်းမှာ ခြေချနိုင်တော့မှာမဟုတ်ဘူး "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now