186 ~ 190

821 84 6
                                    

(Unicode)

အခန်း [ ၁၈၆ ]

လုမန် ဟက်ခနဲ ရယ်ပစ်လိုက်၏။ လုချီယွမ်က သူ့ကို စမ်းသပ်ခံဝက်အဖြစ် သတ်မှတ်နေသည့်အကြောင်း တုလင်းသာ သိသွားခဲ့လျှင် ဘယ်လိုထင်မည်မသိ။ 

“ လုချီ ကျွန်မကို ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတာကို မေ့သွားပြီလား။ ကျွန်မက ဘာဖြစ်လို့ သူ့ကို ကူညီရမှာလဲ ”

လုချီယွမ်သည် ထစ်ထစ်ငေါ့ငေါ့ဖြစ်နေပြီးမှ
“ အဲ့ဒါတွေအားလုံးက နားလည်မှုလွဲကြတာပါ။ နင့်ညီမကလည်း အပြစ်ကင်းပါတယ်။ သက်သေတွေအားလုံးက နင့်ကိုပဲ ဦးတည်နေတော့ ချီချီက အထင်လွဲသွားတာပေါ့ ”

“ ဒါရိုက်တာကို အနာတရဖြစ်အောင်လုပ်ပြီး ကျွန်မကို ချောက်ချတာ သူလေ။ သူက အပြစ်ကင်းတယ် ဟုတ်လား။ သူကပဲ အထင်လွဲရတယ် ဟုတ်လား။ ပြောချင်တာက အားလုံးကိုအဖေက လုပ်ခဲ့တာဖြစ်ပြီး သူကတော့ ဘာတစ်ခုမှ မသိခဲ့ပါဘူးပေါ့လေ ဟုတ်လား ”

အဓိပ္ပာယ်မရှိတာ..

“ ကျွန်မ သူ့ကို ကူညီမှာ မဟုတ်ပါဘူး။ ကျွန်မထက် ပိုပြီးအရည်အချင်းရှိတဲ့လူကို ရှာလိုက်ပါ။ အရည်အချင်းရှိပြီး အံ့သြအထင်ကြီးဖွယ်ကောင်းတဲ့လူတွေမှ အများကြီးပါ။ ကျွန်မတစ်ယောက်တည်းရှိတာမဟုတ်ဘူး ”

ဤနယ်ပယ်တွင် လုမန်တစ်ယောက်တည်း ထူးချွန်သူ မဟုတ်သည်ကို လုချီယွမ် သိသည်။

လက်ရှိ အနုပညာလုပ်ငန်း၌ အကောင်းဆုံး ပြည်သူ့ဆက်ဆံရေးကုမ္ပဏီနှစ်ခုရှိသည်။ တစ်ခုသည် ဟန်ကော်ပိုရေးရှင်းမှ ပြည်သူ့ဆက်ဆံရေးဌာနဖြစ်ကာ ဌာနတစ်ခုဖြစ်နေသဖြင့် စည်းစနစ်အရတော့ ၎င်းကို ကုမ္ပဏီဟူ၍ သတ်မှတ်၍မရပေ။

သို့သော် သူတို့သည် ကုမ္ပဏီပြင်ပမှ မည်သည့်ကိစ္စရပ်ကိုမဆို လုံးဝ တာဝန်ယူဆောင်ရွက်ခြင်း မရှိချေ။

ဟန်ကော်ပိုရေးရှင်းမှ အနုပညာရှင်များအတွက်သာ တာဝန်ယူဆောင်ရွက်ပေးလေ၏။

နောက်ကုမ္ပဏီကတော့ ဝေ့ကျီလင်ရဲ့ “ လင်ယိ ” ကုမ္ပဏီ..

သို့ပေမယ့် ဝေ့ကျီလင်နှင့် ဟန်ကျိုးလီတို့မှာ ရင်းနှီးသောဆက်ဆံရေးရှိသဖြင့် လုချီကိစ္စကို သေချာပေါက် တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now