83

3.3K 365 11
                                    

အခန်း [ ၈၃ ]

ထို့ကြောင့် လုချီယွမ်သည် လုချီကိုခေါ်ယူကာ ထွက်သွားလေ၏။ ဟန်ကျိုးလီ ကျန့်ထျန်းမင်ကို ပြောလိုက်သည်။
“ ကျန်တဲ့သူတွေကို အသိပေးလိုက် .. ခုကစပြီး ဘယ်သူမှ လုချီယွမ်နဲ့ တွေ့ဆုံခွင့်မရှိဘူး ”

***

လုချီယွမ်ကမူ သူ့အား ဟန်ကျိုးလီ အမည်ပျက်စာရင်းသွင်းလိုက်တာကို မသိရှာပေ။ ဟန်ကျိုးလီ မထောက်ထား၍ သူ အရှက်ကွဲခဲ့သည် ဟုပဲ တွက်ထားလေ၏။

“ အဖေ အဖေ့.. ဟန်ကျိုးလီက မမကို သိပ်ကာကွယ်တာပဲနော် .. ဧကန္တ.. ”
မနာလိုတာကို လုချီပဲ သိသည်။

ဘာဖြစ်လို့ လုမန်က သိပ်ကံကောင်းရတာလဲ .. ဟန်ကျိုးလီနဲ့မှ သံယောဇဥ်တွယ်သွားရလား။

“ မဖြစ်နိုင်တာတွေ .. ဘယ့်နှယ် .. သူ့လိုအဆင့်အတန်းမျိုးကို ဟန်ကျိုးလီက ကြိုက်မလား .. အပျော်တွဲတာနေမှာပေါ့ .. ယောက်ျားတွေ ကမြင်းကြောထရင် အဲ့လိုပဲ ကာကွယ်ပေးတတ်တယ် ”

“ ဒါပေမဲ့ အဖေရယ် .. ဘယ်လိုပဲဆိုဆို မမက တကယ်ကြီး ဟန်ကျိုးလီနဲ့ ပတ်သက်နေတာ .. မမကို ဟန်ကျိုးလီဆီမှာ သမီးအတွက် တစ်နေရာလောက် တောင်းပေးခိုင်းရင်ကော .. အရမ်းကြီးမမျှော်လင့်ပါဘူး .. ဇာတ်ပို့နေရာလောက်ဆိုရင် တော်ပါပြီ .. ​တကယ်ဆို ဒီဖြစ်ရပ်မတိုင်ခင်က သမီးရဲ့ကြည့်ရှုသူနှုန်းနဲ့ဆိုရင် ခေါင်းဆောင်မင်းသမီးနေရာကို စိတ်ကြိုက်ရွေးလို့တောင်ရတယ် .. ”

အကုန်လုံး လုမန်ကြောင့် ပျက်စီးကုန်တာ!

လုချီယွမ်ကလည်း ထိုသို့ အတွေးဝင်လေသည်။ ထို့ကြောင့် လုမန်ကို ချက်ချင်း ဖုန်းခေါ်၏။

***

လုမန် ဆေးရုံသို့ သွားရာလမ်းတွင် ဖြစ်သည်။ လုချီယွမ်ဆီကနေ ဖုန်းဝင်လာတာကို မြင်လျှင် ချက်ချင်း အမောဆို့သွား၏။

ဒါပေမယ့် ကိုယ်မကိုင်ရင် သူ ဘာတွေလုပ်မလဲ သိနိုင်တော့မလား ..

နားထင်နှစ်ဖက်ကို ဖိပွတ်နှိပ်နယ်ရင်း ဖုန်းကိုင်လိုက်ရ၏။
“ အဖေ ”

မလိုလားဟန်တွေရောပါပြီး အသံက နည်းနည်းဆောင့်ထွက်သွားသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now