104

2.5K 268 0
                                    

အခန်း [ ၁၀၄ ]

သိုက်ယီးရန် တမင် ရန်မူနေသည်မို့သာ လုမန် ပေကတ်ကတ်လုပ်နေတာဖြစ်သည်။

ကိုယ့်အပေါ်ကောင်းရင် ကိုယ်ကလည်း ပြန်ကောင်းမည့် သူမျိုးပါ။

သို့သော် ယဲ့ရွှမ်းရွှမ်း၏ အတို့အထောင်လုပ်မည့် မျက်နှာကို မြင်လိုက်ရသည့်အခါ အော့အန်ချင်စိတ်ပါ ပေါက်သွား၏။

“ သိုက်က သူဌေးနဲ့ ကြိုချိန်းထားပြီးပြီလား ”
လုမန်က တုတ်တုတ်မျှမလှုပ်ဘဲ မေးခွန်းပြန်ထုတ်သည်။

“ နင့်စကားက ဘာလဲဟ၊ ရယ်စရာကောင်းလိုက်တာ၊ မမလေးသိုက်က ဘာဖြစ်လို့ တွေ့ဖို့ကြိုချိန်းရမှာလဲ၊ သူဌေးဦးလေးကိုယ်တိုင်ခေါ်လာတဲ့ဟာ၊ သူဌေးနဲ့လည်း အသိတွေ ”

ယဲ့ရွှမ်းရွှမ်းက သရော်သလို ကြည့်သည်။

သိုက်ယီးရန်မျက်နှာမှာတော့ ယဲ့ရွှမ်းရွှမ်း​ပြောလိုက်တာကို နှစ်ထောင်းအားရဖြစ်နေသည့် ဆောင့်ကြွားကြွား အပြုံးနှင့် ဖြစ်၏။

“ အပိုတွေကွန့်နေစရာမလိုပါဘူး၊ တွေ့ဖို့ မချိန်းထားရင် မချိန်းထားဘူးလို့ပဲ ​ဆိုလိုက်စမ်းပါ၊ သူဌေးက တွေ့ချင်သလားဆိုတာကိုတော့ သူ့အစည်းအဝေးပြီးတဲ့အထိ စောင့်ကြည့်ပြီးမှပဲ ပြောလို့ရမယ်၊ ကျွန်မက ​ပြောသွားတဲ့အတိုင်း နေနေတာ၊ သူဌေးက စောင့်နေဖို့ ပြောသွားလို့ပဲ၊ သူဌေးကိုယ်တိုင် ထွက်သွားဖို့ ပြောတာဆိုရင် ဘယ်သူ့ကိုမှ မေးခွန်းမထုတ်ဘဲ ပါးစပ်ပိတ်ပြီး ထွက်သွားပေးမှာပါ၊ ပြီးတော့ ဒီက ဝန်ထမ်းဖြစ်တာနဲ့ပဲ သူဌေးအပြင် တခြားလူတွေမှာ ကျွန်မကို အမိန့်ပေးလို့ရလောက်တဲ့ အခွင့်အာဏာတွေ ရှိသွားရောလား ”

“ လုမန် နင်ဘာဖြစ်နေတာလဲ ”

ယဲ့ရွှမ်းရွှမ်း အပြစ်ဝင်ဆိုလေသည်။

“ မမလေးသိုက်က ဧည့်သည်ပါ၊ နင်ဘယ်လိုအချိုးမျိုး ချိုးလိုက်တာလဲ ”

“ ရှင်ပြောသလိုပဲ သူက ဧည့်သည်ဆို၊ ဧည့်သည်ဆိုရင် ဧည့်သည်လို နေရတယ်၊ သူများရုံးခန်းကို ဝင်ပြီး သူများဝန်ထမ်းကို မောင်းထုတ်စရာ အကြောင်း လုံးဝ မရှိဘူး ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now