18

6.3K 775 5
                                    

Unicode

အခန်း ၁၈ ) ထိုအခိုက်မှာ မျက်နှာပေးတွေက အတူတူပင်

နောက်ဆုံး​တွင် လုချီကြောင့် လုမန်မေမေဆုံးပါးသွားသည့်အခါ ထန်းကျိသည် လုမန်ကို မပြောပြရဲပါချေ။ ထောင်ကျနေစဥ် ဒီသတင်းကိုကြားလိုက်ရလျှင် လုမန် ဖြေမဆည်နိုင်မှာကို သူ စိုးရိမ်သည်။ 

သို့သော် ထောင်ကလွတ်သည့်နေ့တွင် ထန်းကျိက အလုပ်ကိစ္စနှင့် ခရီးထွက်နေရ၍ လုမန်ကို သွားမခေါ်နိုင်လိုက်ပေ။

ပြန်ရောက်တာနှင့် ချက်ချင်း သွားတွေ့လိုက်ပါသော်လည်း သူမကို ဘာမှဖုံးထားလို့မရမှန်း သိလိုက်ရတော့ သူမမေမေကို သေချာဂရုမစိုက်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်ရင်း မျက်ရည်လည်ရွဲနှင့် ငိုပြောခဲ့သည်။

ယခုမူကား အရာအားလုံးကို ပြန်လည်ပြင်ဆင်လို့ရ၍ တော်သေးသည်။

ထို့ကြောင့် ဤဘဝတွင်တော့ နောင်တရစရာတွေရှိလာလိမ့်မည် မဟုတ်ပေ။ 

***

လက်ရှိတွင်

အိမ်ကိုပြန်ရောက်သည့်အခါ လုမန် အထဲမဝင်သေးဘဲ အပြင်မှာ မတ်တပ်ရပ်ကာ တံခါးမကြီးကို ငေးစိုက်ကြည့်နေမိသည်။

ထိုအချိန်က လုချီကြောင့် သူမမေမေ ကွယ်လွန်သွားခဲ့သည်ကို ကြားသိခဲ့ရသည့်အချိန်တွင် လုချီဆီက ဖြေရှင်းချက်လိုချင်၍ လုမိသားစုအိမ်သို့ သူမ ပြန်လာခဲ့ပါသော်လည်း လုချီယွမ်၏ ကျောခိုင်းခြင်းကို ခံခဲ့ရသည်။ ထိုမှတ်ဉာဏ်သည် သူမစိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေတုန်း ဖြစ်သည်။

အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ရင်း အိမ်ရှေ့တံခါးမကို ဖြတ်ကျော်လိုက်သည်။

“ မမလေး ”
သူမကိုမြင်၍ အန်တီချန်က ခေါ်လိုက်ခြင်း . .

အနည်းဆုံးတော့ အန်တီချန်မှာ ယဥ်ကျေးရကောင်းမှန်း သိပေမယ့် သူမထက်ပိုပြီး လုချီအပေါ်မှာ ဖော်ရွေသည်။ တလေးတစားရှိသည်။ 

လုမန် ဘာမှပြန်ပြောမနေဘဲ ဧည့်ခန်းကိုတစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now