5

7.4K 917 5
                                    

Unicode

အခန်း ၅) အံ့သြစရာကောင်းလောက်အောင် ဟန်ကျိုးလီက အလိမ်မဖော်ဘူးရယ်

လုမန် သွေးအေးစွာ ပြုံးလိုက်သည်။
လုချီမေမေ ရှချင်းယန်က သူများမိသားစုကို ဖျက်ဆီးခဲ့သည့် အမြှောင်မ ဖြစ်သလို ခု လုချီကလည်း လုမန်နှင့်ဟဲကျိန့်ပိုင်တို့အချစ်ရေးမှာ ကြားလူဖြစ်သည်။ ဟဲကျိန့်ပိုင်ကို လုမန်ဆီမှ ခိုးသွားခဲ့သည်။

ဒါတွေ လုမန် ဂရုမစိုက်တော့။ ဒီခွေးကောင်ထားရစ်ခဲ့လို့လည်း ဝမ်းနည်းပက်လက်ဖြစ်မနေပါဘူး. .။

ခု သူမလိုချင်တာက သူတို့အပြစ်အတွက် ပေးဆပ်ခိုင်းမည်။

လုမန် စကားများများပြောလေ ဟဲကျိန့်ပိုင် လိပ်ပြာမလုံလေဖြစ်ကာ လုမန် သူ့ကို ထီမထင်အကြည့်နှင့် ကြည့်လိုက်သည်။
“ နင်တို့နှစ်ယောက်တွေ့နေကြကတည်းက ငါတို့ချင်းပြတ်ပြီလို့သဘောထားလိုက်တာ၊ ဒါပေမယ့် နင်က ဒီမှာရပ်ပြီး သစ္စာဖောက်တယ်လို့တောင် ပြောရဲတော့ တော်တော်အရေထူတာပဲနော် ”

“ အခြေအမြစ်မရှိတာတွေ မပြောစမ်းနဲ့ ”
လုချီက အမောတကော ဝင်ပြောသည်။

သူတို့တွေချည်းဆိုရင် လုမန်နာအောင် ဟဲကျိန့်ပိုင်ကို အသုံးချရလည်း ကိစ္စမရှိပေမယ့် အခု လုမန်က ဟဲကျိန့်ပိုင်ကို ဘေးမဲ့ပေးလိုက်ပြီဖြစ်သလို လုချီကလည်း ကိုယ့်ကိုယ်ကိုယ် လင်ခိုးမ ဟု ကင်ပွန်းတပ် မခံချင်။

“ မင်းမြှောင်စိုးကပ်လုပ်ချင်တာဘယ်သူလဲ. . ၊ လူမိမှ သူများကို မပုတ်ခတ်နဲ့ ! ”

“ ပုတ်ခတ်တယ် ဟုတ်လား ”
လုမန် ဟန်ကျိုးလီကို လွှတ်လိုက်သည်။ ဒီတစ်ခါတော့ ဟန်ကျိုးလီကလည်း သူမကို ဆွဲမထားဘဲ သွားခွင့်ပေးသည်။

ကိုယ်ပေါ်ကတဘက်ကို ပြုတ်မကျအောင်ဆုပ်ကိုင်ရင်း လုချီရှေ့မှာ သွားရပ်လိုက်သည်။  

ပြီးတော့ လက်ဆန့်ပြီး လုချီဝတ်ထားသည့် ဆွဲကြိုးကို လှမ်းဆွဲဖြုတ်လိုက်၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now