151 ~ 155

1.4K 144 6
                                    

(Unicode)

အခန်း [ ၁၅၁ ]

မမျှော်လင့်ဘဲ ဟန်ကျိုးလီ စကားတွေပြောရင်း လုမန် လည်တိုင်လေးကို စနမ်းလေသည်။

လုမန်က ယားလို့ ရှောင်သည်။ သို့သော် ခါးကို သူ့လက်တွေက မြဲမြံစွာ ဆုပ်ကိုင်ထားကာ..
“ မလှုပ်နဲ့ ”

လုမန် ငြိမ်သွားပြီး သူ့ဘောင်းဘီထဲမှာ ကြီးထွားလာနေသည့် အရာကို ချက်ချင်း ရိပ်မိလိုက်၏။ ထို့ကြောင့် ပျာပျာသလဲနှင့် သူ့ပေါင်ပေါ်ကနေ ဆင်းဖို့ ကြိုးစားလိုက်မိပေမယ့် ဟန်ကျိုးလီက တားသည်။

“ ခဏ မလှုပ်နဲ့ဦး .. ခဏလေးပါ ”
အသံက တိုးတိုးဖွဖွလေး ဖြစ်၏။

သူမ ထွက်သွားသည့်အခါတိုင်း သူဆီမှာ တစ်ခုခုဟာသွားသလို ဖြစ်ကျန်ခဲ့သည်ချည်းပင်။

ထိုနှင့်ဆန့်ကျင်စွာ သူမ သည်လိုထိုင်ပဲထိုင်နေပြီး နည်းနည်းမှ မလှုပ်ဘူးဆိုလျှင်ပင် သူဟာပြီးပြည့်စုံသွားသလို စိတ်ကျေနပ်ရသေး၏။

သို့သော်လည်း လုမန်ကတော့ မနေတတ်ပေ။

ဒီလိုတင်းတင်းကျပ်ကျပ်ဖက်ထားလို့ ပူအိုက်နေရသည့်ကြားထဲမှာ အဲ့ဒါကပါ အဲ့ဒီမှာ သိသာနေတဲ့ဟာ သူမ ဘယ်လိုလုပ်ဆက်ထိုင်နိုင်ပါ့မလဲ..

သူမစိတ်ထင်တာပဲဖြစ်ပါလိမ့်မည်။ သို့သော် သူ ခါးကို ဆွဲဖက်ထားခြင်းမှာ သူ့ဥစ္စာနှင့် သူမခန္ဓာ ထိနေသကဲ့သို့ ခံစားနေရ၏။

နှစ်ဘဝလုံးမှာ ဒီလိုအဖြစ်မျိုးကို ဘယ်သူနှင့်မျှ မကြုံဖူးပေ။ ခု ဟန်ကျိုးလီက ဒီလိုတွေလုပ်လာသဖြင့် ရုတ်တရက်မို့ လုမန် လန့်ခုန်မတတ် ဖြစ်သွားလေ၏။

သူ့နားရွက်အောက်ဖျားပိုင်းလေးကိုလည်း မစဥ်းမစား ကိုက်ချပစ်လိုက်တော့သည်။

“ ကျွတ်…”
ဟန်ကျိုးလီ စုတ်သပ်မိလေ၏။ နာလည်းနာသွားသည်။ ထုံထုံကြီးလည်း ဖြစ်ကျန်ခဲ့သည်။ သို့သော်လည်း ထိုသို့ဖြစ်မှ သူ့ခန္ဓာကိုယ်တွင်းမှ မီးတောက်က ပို၍ အားကောင်းလာဟန်ရှိ၏။ 

သူ သူမနှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်း နမ်းပစ်လိုက်ကာ

“ နေနှင့်ဦး မင်းတော့.. ”

ထိုမှစခဲ့သော အချစ်များစွာသည် Donde viven las historias. Descúbrelo ahora